Powered by Blogger.

ရည်းစားနဲ့ စကားများရာက ကိုယ့်လိင်အဂါင်္ကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တဲ့အမျိုးသား




ဒီဗီယိုဟာ ရှော့ခ်ဖြစ်သွားစေနိုင်တဲ့ အချိန်အခိုက်အတန့် တစ်ခုကို ရိုက်ကူးပြသထားပြီး ထိုဗီဒီယိုထဲမှာတော့ လမ်းပေါ်မှာ အစားအသောက် ရောင်းချသူ အမျိုးသား တစ်ဦးဟာ သူရဲ့ ချစ်သူကောင်မလေးနဲ့ တယ်လီဖုန်းပြောရင်း စကားများပြီး သူ့ရဲ့ လိင်အင်္ဂါကို လှီးဖြတ်ခဲ့တာတွေ့ရပါတယ်။

အသက် ၂၁ နှစ်သာရှိသေးပြီး သူ့ရဲ့ အစားအသောက်ဆိုင်ကြောင့် HB လို့ လူသိများတဲ့ အမျိုးသားဟာ တူရကီ တောင်ပိုင်းက မက်ဒစ်တာရေးနီးယန်း ကမ်းခြေမှာတည်ရှိတဲ့ Mersin မြို့ ၊ Yenisehir ခရိုင် မှာ ရိုက်ကူးနေတဲ့ လုံခြုံရေးကင်မရာ CCTV ထဲမှာ အထက်ပါ အနေအထားအတိုင်း ပါဝင်နေတာပါ။

ထိုပေါင်မုန့်ရောင်းချသူ အမျိုးသားဟာ ဖုန်းပြောရင်း ကောင်မလေးနဲ့ စကားများပြီးတဲ့နောက် သူ့ရဲ့ ဘောင်းဘီကို ချွတ်လိုက်ကာ သူ့ရဲ့ အမျိုးသား ဖွားဖက်တော် ကို ဘရိတ်ဓါး နဲ့ လှီးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဗီဒီယိုမှာတော့ အရမ်း ကြည်လင်ပြတ်သားမှု မရှိတဲ့အတွက် မျက်မြင်သက်သေတွေကို မေးမြန်းခဲ့ရာမှာ သူဟာ နေ့ခင်းကြောင်တောင် လူပေါင်းမြောက်များစွာရှိတဲ့ လမ်းပေါ်မှာ သူ့ရဲ့ အမျိုးသား အင်္ဂါကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တာပဲ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက မီဒီယာ ကို ပြောပြခဲ့ပါတယ်။

အရပ်ဝတ် နဲ့ ရဲအရာရှိတစ်ယောက်ဟာ အခင်းဖြစ်ပွားရာနေရာ ကို ရောက်ရှိလာပြီး ဖြတ်သွားဖြတ်လာ တွေရဲ့ အကူအညီနဲ့ ထိုအမျိုးသားကို တားမြစ်ခဲ့ပါတယ်။ ထိုအမျိုးသားကို Mersin တက္ကသိုလ် Medical Faculty ဆေးရုံကို ပို့ဆောင်ပြီး ခွဲစိတ်ဆရာဝန်တွေက သူ့ရဲ့ ပြတ်သွားတဲ့ အင်္ဂါအစိတ်အပိုင်း တွေကို ပြန်လည်တပ်ဆင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဆရာဝန်တွေကတော့ သူ့ရဲ့ လိင်အင်္ဂါဟာ ထိခိုက်မှု ပြင်းထန်ခဲ့တဲ့အတွက် ပြန်လည်တပ်ဆင် ကောင်းမွန်နိုင်ဖို့တော့ ဖြစ်နိုင်ချေ နည်းတယ်လို့ ပြောပြခဲ့ကြပါတယ်။ ထိုအမျိုးသားကတော့ သူ့ရဲ့ ကောင်မလေးက ဘာပြောခဲ့လဲ ဆိုတာနဲ့ သူတို့ ဘာကို ငြင်းခုံခဲ့ကြတယ်ဆိုတာကို ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment