Powered by Blogger.

ဗြိတိန်ရဲ့  အိမ်တစ်လုံးကို တစ်ပေါင်နဲ့ ရောင်းချပြီး ၀ယ်ယူသူကို ပေါင် နှစ်သောင်းပါ ချီးမြှင့်မယ့် စီမံချက်




အင်္ဂလန်နိုင်ငံ၊ စတုတ်အွန်ထရန့် (Stoke-on-Trent) မြို့ တော်ကောင်စီဟာ မြို့ ရဲ့ လူမနေတော့တဲ့ နေရာက ချုံးချုံးကျနေတဲ့တိုက်ခန်းတွေကို ၀ယ်ယူပြီး ပြင်ဆင်ကာ ပြန်လည်ရောင်းချဖို့ အတွက် စီမံကိန်းမှာ ပေါင် ၁.၅ သန်း မြှပ်နှံ လိုက်ပါတယ်။

ကောင်စီအာဏာပိုင်တွေဟာ အိမ်တွေကို ပေါင် ၆၀၀၀၀ ဖိုးလောက်အကုန်အကျခံပြင်ဆင်သွားမှာ ဖြစ်ပြီး တစ်ပေါင် နဲ့ ပြန်လည်ရောင်းချမှာဖြစ်ကာ ပိုင်ရှင်အသစ်ကို အိမ်တွင်းအလှဆင်ဖို့ အတွက် ဆုကြေးငွေ ပေါင် ၂ သောင်းပါ ထပ်မံပေးအပ်သွားဦးမှာဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ဒေသတွင်းစီးပွားရေးကို နာလန်ထူစေနိုင်မယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားကြပါတယ်။

အိမ်ကိုဝယ်ယူဖို့ အတွက်လျှောက်လွှာတင်သူတွေအနေနဲ့  အိမ်မှာ အနည်းဆုံး ငါးနှစ်တိတိနေထိုင်ရမှာ ဖြစ်ပြီး အလုပ်ရှိရမှာဖြစ်ကာ မိသားစုဝင်ငွေ ပေါင် ၁၈၀၀၀ ကနေ ၂၅၀၀၀ ကြားရှိရမှာဖြစ်ပါတယ်။

ဒီအိမ်တွေကို အရင်ကအိမ်ဌားချခဲ့ပြီး ယခုအခါအိမ်ဌားမရှိတော့တဲ့အတွက် ထပ်မံရင်းနှီးမှုမလုပ်နိုင်တော့တဲ့ အိမ်ပိုင်ရှင်တွေထံကနေ ကောင်စီကပြန်လည်ဝယ်ယူသွားမှာဖြစ်ပါတယ်။

“ ဒီစီမံချက်အသစ်က Portland Street ဘက်မှာလား ဒါမှမဟုတ် မြို့ ရဲ့ တခြားမဖွံ့ ဖြိုးတဲ့ဘက်မှာလား ဆိုတာကိုတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ဒီ စီမံကိန်းရဲ့ရည်ရွယ်ချက်က လူနေပြန်စည်ကားစေဖို့ ဆိုတော့ ဒီ အိမ် ၂၅ အိမ်လုံးက နယ်မြေတစ်ခုထဲမှာပဲ ဖြစ်ပါလိမ့်မယ်” လို့ ကောင်စီဝင်၊ အိုးအိမ်ချထားပေးရေးအစိုးရအဖွဲ့ ဝင် Randy Conteh က ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ဒေါ်လာတန်အိမ်ရာစီမံကိန်းတုန်းက ၃၃ အိမ်ကို ရောင်းချခဲ့ရာမှာ အသက် ၂၁ နှစ်အရွယ် Rebecca Denis နဲ့ ၂၂ နှစ်အရွယ် Chris Benn တို့ စုံတွဲက ၀ယ်ယူနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ အိမ်ဟာ ပေါင် ၆၀၀၀၀ လောက်တန်နေပြီဖြစ်ကြောင်း သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment