Powered by Blogger.

ဖာရိုးကျွန်းစွယ်မှာ လေကြမ်းတိုက်ခတ်လို့ ရေတံခွန်မှ ရေပြောင်းပြန်စီးဆင်းမှု ဖြစ်ပွားခဲ့




ဖာရိုးကျွန်းစွယ်တွေမှာရှိတဲ့ စံချိန်တင် လှိုင်းတွေရဲ့ အရှိန်ကြောင့်ဖြစ်ပေါ်လာတဲ့ လေကြမ်းတိုက်ခတ်မှုဟာ ရေတံခွန်တစ်ခုကို ပင် ရေစီး ပြောင်းပြန်နဲ့ အပေါ်ကို ရေပြန်စီးစေခဲ့တယ်လို့ ဗီဒီယိုတစ်ခုအရသိရပါတယ်။

ထိုဗီဒီယိုကို Mortan Mortensen ဆိုသူက YouTube ပေါ်တင်ထားခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့က ဖြစ်သွားခဲ့တဲ့ Gasadalur ကျေးရွာနားက ဆိပ်ကမ်းတောင်စောင်း တွေကို တိုကိုက်ခဲ့တဲ့ လှိုင်းတွေကို ထို ဗီဒီယိုထဲမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒါ့အပြင် ထို ဗီဒီယိုထဲမှာ တောင်စောင်းပေါ်က အောက်ကို စီးဆင်းနေတဲ့ ရေတံခွန်တစ်ခုဟာ ထို လှိုင်းဒါဏ်တွေနဲ့ လေကြမ်းတိုက်ခတ်မှုတွေကြောင့် ရေစီးပြောင်းပြန်နဲ့ အပေါ်ကို ရေပြန်စီးနေတာ တွေ့၇ပါတယ်။

Mortensen ရဲ့ ပြောကြားချက်အရတော့ သူဟာ ထို လေကြမ်းတိုက်ခတ်မှု တစ်ခုလုံးကို မှတ်တမ်းတင်ခဲ့ရာမှာ ကျွန်းစွယ်တောင်စောင်းတွေကို ရိုက်ခတ်လာတဲ့ လှိုင်းတွေရဲ့ အမြင့်ဟာ ၆၅ ပေ အထိ အမြင့်ရှိခဲ့တယ်လို့လည်း သိရပါတယ်။




( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment