Powered by Blogger.

ISIS အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ဟောကိန်းထုတ်ခဲ့တဲ့ မျက်မမြင်အမျိုးသမီး




၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို အကြမ်းဖက်သမားတို့  လေယာဉ်နဲ့  ၀င်တိုက်ခဲ့မှု၊ ၂၀၀၄ ခုနှစ် ဆူနာမီ တို့ ကို ကြိုတင်ခန့် မှန်းခဲ့တဲ့ ဘူဂေးရီးယားလူမျိုး၊ စိတ်တန်ခိုးရှင်မျက်မမြင်အမျိုးသမီးတစ်ဦးဟာ ISIS တို့ ရဲ့ ထကြွမှုကိုလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အလွန် ကတည်းက ကြိုတင်ခန့် မှန်းခဲ့တယ်လို့ ဆိုပါတယ်။

Baba Vanga လို့ အမည်ရတဲ့ အကြားအမြင်ရအမျိုးသမီးဟာ ၂၀၁၆ ခုနှစ်မှာ ဥရောပတိုက်ကို မူဆလင်အကြမ်းဖက်သမားတွေ ကျူးကျော်နှောင့်ယှက်လိမ့်မယ်လို့  ကျောချမ်းစရာဟောကိန်း ထုတ်ခဲ့ပါတယ်။

သူမဟာ ၂၀၁၀ ခုနှစ် အာရပ်နွေဦးမှာ စတင်ပြီး ဆီးရီးယားမှာ  ကြီးမားတဲ့မူဆလင်စစ်ပွဲကြီး တစ်ခုဖြစ်လိမ့်မယ်လို့ ကြိုမြင်ခဲ့ပြီး၊  ၂၀၄၃ ခုနှစ်ရောက်ရင် မူဆလင်ပိုင်နက်ထူထောင်မှုရဲ့ အလယ်ဗဟိုဟာ ရောမမြို့ ဖြစ်ကာ ဒီစစ်ပွဲအဆုံးသတ်သွားလိမ့်မယ်လို့ ကြိုမြင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၆ ခုနှစ်၊ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ Vanga ဟာ သူမရဲ့ အကြားအမြင်ဆရာမ သက်တမ်း နှစ် ၅၀ အတွင်းမှာ ရာကျော်ချီတဲ့ခန့် မှန်းမှုတွေကို ပြုလုပ်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Vanga ရဲ့ ခန့် မှန်းမှုတွေဟာ ၈၅ ရာခိုင်နှုန်းမှန်ကန်မှုရှိတာကြောင့် Balkans ဒေသရဲ့ Nostradamus (နာမည်ကျော်ပြင်သစ်ရှေ့ ဖြစ်ဟောသူ) လို့ နာမည်ကျော်သူတစ်ဦးလည်း ဖြစ်ပါတယ်။

အခုအခါမှာတော့ Vanga ဟာ ISIS တို့ ထကြွသောင်းကျန်းမှုကိုလည်း ခန့် မှန်းခဲ့တယ်လို့ သူမကို ယုံကြည်သူတွေက ဆိုနေကြပြီး နောက်နှစ်အကုန်မှာ  ဥရောပဟာ လူတစ်ကောင်ကြွက်တစ်မြီးမှမရှိဘဲ လုံးဝ မြေရိုင်းကြီး ဖြစ်သွားလိမ့်မယ်လို့ Vanga က ခန့် မှန်းထားတယ်လို့ သိရပါတယ်။

Vanga ရဲ့ နာမည်ကျော်ခန့် မှန်းမှုတစ်ချို့ ကတော့ -

၁၉၅၀ ပြည့်နှစ်အတွင်းခန့် မှန်းမှု - ကမ္ဘာကြီးပူနွေးလာမှုနဲ့ ၂၀၀၄ ခုနှစ် ဆူနာမီ

“ အအေးပိုင်းဒေသတွေပူနွေးလာပြီး မီးတောင်တွေအသက်ဝင်လာလိမ့်မယ်။ လူတွေမြို့ တွေရှိတဲ့ ကမ်းခြေကြီး တစ်ခုကို လှိုင်းလုံးကြီးတစ်လုံးက ဖုံးလွှမ်းသွားပြီး အရာအားလုံးဟာ ရေအောက်မှာ ပျောက်ကွယ်သွားလိမ့်မယ်”

၁၉၈၉ ခုနှစ်ခန့် မှန်းမှု - နယူးရော့ခ် အမြွှာတာဝါကို ၂၀၀၁ ခုနှစ်၊စက်တင်ဘာ ၁၁ မှာ အကြမ်းဖက်သမားတို့  တိုက်ခိုက်မှု

“ အမေရိကန်ညီအစ်ကို ( ညီအစ်ကိုတာဝါနှစ်ခုကိုဆိုလိုပုံရ) ဟာ စတီးငှက်တွေ ( ပြန်ပေးဆွဲခံလေယာဉ်) တွေရဲ့ တိုက်ခိုက်မှုခံရပြီး ပြိုလဲကျလိမ့်မယ်။”

၁၉၈၀ ခုနှစ်မှာ ခန့်မှန်းမှု - ၂၀၀၀ ခုနှစ် ရုရှားနျူရေငုပ်သဘောင်္ Kursk နစ်မြှပ်မှု

“ ရာစုနှစ်အကူးအပြောင်း၊ ၁၉၉၉ ခုနှစ် ဒါမှမဟုတ် ၂၀၀၀ ခုနှစ် သြဂတ်စ်လမှာ ၊ Kursk ဟာ ရေတွေနဲ့ ဖုံးလွှမ်းပြီး တစ်ကမ္ဘာလုံး ပူဆွေးငိုကြွေးကြရလိမ့်မယ်”

Barack Obama ရွေးချယ်ခံရမှု

Vanga ဟာ လေးဆယ့်လေးကြိမ်မြောက် အမေရိကန်သမ္မတဟာ အာဖရိကန်၊အမေရိကန်လူမည်း တစ်ယောက် ဖြစ်မယ်လို့ ခန့် မှန်းခဲ့တယ်လို့ ဆိုပြီး၊ ဒါဟာ နောက်ဆုံးအမေရိကန်သမ္မတ ဖြစ်လိမ့်မယ် လို့ လည်း ခန့် မှန်းခဲ့တာကြောင့် ကျွန်တော်တို့ တွေ သူမရဲ့ ခန့် မှန်းချက်မှန်လားဆိုတာ စောင့်ကြည့် ရပါဦးမယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment