Powered by Blogger.

တက္ကဆက် ပြည်နယ် ရဲ တပ်ဖွဲ့ က Star Wars ရုပ်ရှင်သစ်ထွက်ရှိမှု ကို ဂုဏ်ပြု




တက္ကဆက် ပြည်နယ် ရဲ တပ်ဖွဲ့ဟာ Star Wars ရုပ်ရှင် သစ်ထွက်ရှိမှု ကို ဂုဏ်ပြုတဲ့အနေနဲ့  Star Wars ထဲက ဇာတ်ကောင်တွေအတိုင်း ၀တ်ဆင် ပြီး ဗီဒီယို ရိုက်ကူးခဲ့ကြပါတယ်။

Fulshear မြို့ နယ် ရဲစခန်းက Facebook မှာ တင်ထားတဲ့ ဗီဒီယို မှာတော့ သူတို့ ဌာန အနေနဲ့ ရဲ ကားတစ်စီး ဘယ်လို ဆုံးရှုံးခဲ့တယ်ဆိုတာကို ပါ ရှင်းလင်းဖော်ပြထားပါတယ်။ ထိုဗီဒီယိုထဲမှာ ပြသထားတာကတော့ ရဲအရာရှိ တစ်ယောက်ဟာ SUV ကားတစ်စီးကို ရပ်နားခိုင်းလိုက်ပြီး ဒရိုင်ဘာ ကို ကားထဲက ထွက်လာခိုင်းလိုက်ပါတယ်။

ကားထဲက ထွက်လာတဲ့ ဒရိုင်ဘာကတော့ Star Wars ထဲက ဇာတ်ကောင် Chewbacca ဖြစ်ပြီး Han Solo ကတော့ ခရီးသည် ထိုင်ခုံကနေ ဆင်းလာခဲ့ပြန်ပါတယ်။ Captain Solo က သူတို့ဟာ Star Wars: The Force Awakens ရုပ်ရှင် မိတ်ဆက်ပွဲကို ဖိတ်ကြားခံရတဲ့ အထူး ဧည့်သည်တွေ ဖြစ်တယ်လို့ ပြောနေစဉ်မှာပဲ ကားနောက်ခန်းထဲက Sith Lords တွေဖြစ်ကြတဲ့ Darth Vader နဲ့ Darth Maul တို့က ဆင်းလာခဲ့ပါတယ်။

အဲဒီနောက် ရဲအရာရှိက သူဟာလည်း Force ရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် သူ့ကိုပါ ရုပ်ရှင် မိတ်ဆက်ပွဲကို ခေါ်သွားဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီနောက် ရဲအရာရှိလည်း Star Wars အဖွဲ့ နဲ့အတူ လိုက်ပါသွားပြီး သူ့ရဲ့ ရဲကားကို နောက်မှာ ချန်ထားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ့ရဲ့  ရဲကားကို တစ်စုံတစ်ယောက်က ခိုးယူသွားတာတွေ့ လိုက်ရပါတယ်။ Fulshear မြို့ ရဲစခန်းကတော့ Star Wars ဇာတ်လမ်းထွက်ရှိမှု ကို အောက်ပါ လင့်ခ်မှာ တင်ထားတဲ့ ဗီဒီယို အတိုင်း ဂုဏ်ပြုလိုက်ပါပြီ။

https://www.facebook.com/FulshearPolice/videos/441668846039142/

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment