Powered by Blogger.

အမေရိကန်သမ္မတဟောင်း ကနေဒီကို လုပ်ကြံခဲ့တာဟာ စီအိုင်အေ အဖွဲ့ဖြစ်နေ




ကမ္ဘာ့သမိုင်းမှာ အထင်ကရ ဖြစ်ခဲ့တဲ့ အမေရိကန် သမ္မတ ဟောင်း ကနေဒီ(John F Kennedy) ကို လုပ်ကြံသတ်ဖြတ်ခဲ့တာဟာ စီအိုင်အေ အဖွဲ့ ဖြစ်တယ်လို့ သတင်း တစ်ရပ်အရ သိရပါတယ်။ ကနေဒီ ဟာ စီအိုင်အေအဖွဲ့ ရဲ့  ထိပ်တန်းလျှို့ ဝှက်ချက်ဖြစ်တဲ့ အမည်မသိပျံသန်းကိရိယာ(UFO) များနဲ့ ပတ်သတ်တဲ့ ဖိုင်တွဲကို တောင်းဆိုခဲ့တဲ့အတွက် စီအိုင်အေ က ကနေဒီလုပ်ကြံခဲ့တာဖြစ်တယ်လို့ ထိုသတင်းထဲမှာဖော်ပြထားပါတယ်။

အမေရိကန် သမ္မတဟောင်း ကနေဒီဟာ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တက္ကဆက်ပြည်နယ် ၊ ဒယ်လာစ် မြို့ လယ်ခေါင်မှာ ခေါင်မိုးဖွင့် ကားနဲ့ လှည့်လည်နေရင်း သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

UFO နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Scott C Waring က UFO Sightings Daily ဆိုတဲ့ သူ့ ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ ဒီသတင်းကိုရေးသားထားတာဖြစ်ပြီး သမ္မတဟောင်း ကနေဒီဟာ လုပ်ကြံခံရတဲ့နေ့မတိုင်ခင် ၁၀ ရက်လောက်တုန်းက စီအိုင်အေဌာနချုပ်ထံသို့ အမည်မသိ ပျံသန်းကိရိယာ(UFO) များနဲ့ ပတ်သတ်တဲ့ ဖိုင်တွဲကို ထုတ်ပေးဖို့ စာပို့ပြီးတောင်းဆိုခဲ့တယ်လို့လည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

ထို တောင်းဆိုခဲ့တဲ့စာ ကိုလည်း မိတ္တူအနေနဲ့ UFO Sightings Daily ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါသေးတယ်။ ဒါ့အပြင် ထိုအချိန်တုန်းက သမ္မတဟောင်း ကနေဒီဟာ NASA နဲ့ ဆိုဗီယက် ပြည်ထောင်စု တို့ ပူးပေါင်းပြီး UFO နဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေမှာကို စိုးရိမ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အမေရိကန် သမ္မတဟောင်း ကနေဒီဟာ ၁၉၆၁ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန်နိုင်ငံရဲ့  ၃၅ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပြီး သူ့ရဲ့  တာဝန်ထမ်းဆောင်ချိန် မပြည့်ခင်မှာပဲ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကနေဒီဟာ ဒုတိယကမ္ဘာစစ်ကာလမှာ အထင်ရှားခဲ့ဆုံး ဖြစ်ရပ်တွေဖြစ်တဲ့ ကျူးဘား အာဏာရှင် Fidel Castro ကို ဖြုတ်ချခြင်း ၊ ဆိုဗီယက် ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံကြားက ဒုံးကျည် ပြဿနာ နဲ့ ဗီယက်နမ် စစ်ပွဲတို့မှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ကမ္ဘာ့သမိုင်းမှာ အထင်ကရ ဖြစ်ခဲ့တာ ပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment