San Francisco ပန်းခြံ ပြန်လည်တည်ဆောက်ရာမှာ အကာအရံမဲ့အမျိုးသားသုံးအိမ်သာကိုပါ ထည့်သွင်း
နာမည်ကျော်ကြားတဲ့ San Francisco ပန်းခြံတစ်ခုကို နှစ်ပေါင်းများစွာ ပြန်လည်ပြုပြင်တည်ဆောက်ပြီး ဖွင့်လှစ်တဲ့အခါမှာတော့ အကာအရံမဲ့ အမျိုးသားသုံးအိမ်သာကိုပါ ထည့်သွင်းဖန်တီးခဲ့တာဖြစ်ပါတယ်။
ဒီ အိမ်သာဟာ Dolores ပန်းခြံရှိ ရထားလမ်းဘေးမှာ တည်ဆောက်ထားတာဖြစ်ပြီး ပန်းခြံပြန်လည်ပြုပြင်တည်ဆောက်မှုမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၂၀.၅ သန်း အကုန်အကျခံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ အဆောက်အဦးနံရံတွေ ခြုံပုတ်တွေပေါ်မှာ အပေါ့သွားကြတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာပါတဲ့။
ပန်းခြံကို လာရောက်လည်ပတ်သူ Aaron Cutler ကတော့ “ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ကတော့ ဘယ်နေရာမှာမဆို အပေါ့သွားဖို့ အဆင်သင့်ပါပဲ။ ဒီတော့ ဘာမှမရှိတာထက်စာရင် ဒါမျိုးလေးရှိတာက ပိုကောင်းတာပေါ့” လို့ ဆိုပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment