Powered by Blogger.

V Day မှာ အဖြေမပေးလို့ လမ်းလယ်ခေါင် ကိုယ်တုံးလုံးနဲ့ အော်ဟစ်နေခဲ့တဲ့ အမျိုးသား


အမျိုးသားတစ်ယောက်ဟာ ချစ်သူများနေ့မှာ လူမြင်ကွင်းထဲ သူကြိုက်နေတဲ့ကောင်မလေးကို ချစ်ရေးဆို အဖြေ တောင်းခဲ့ရာကနေ ငြင်းဆိုခံခဲ့ရတာကြောင့် လမ်းလယ်ခေါင်မှာ အရူးတစ်ယောက်လို လူးလှိမ့်နေခဲ့ရပါတယ်။

ဗီဒီယိုက ရိုက်ကူးထားတာကတော့ ထိုအမျိုးသားဟာ နှင်းဆီ ပွင့်ဖတ်တွေကို လမ်းပေါ်ဖြန့်ကျဲ ထားပြီး ကိုယ်တုံးလုံးနဲ့ အော်ဟစ် လူးလှိမ့်နေတဲ့ ပုံစံပါ။ ထိုအမျိုးသားရဲ့ အနောက်မှာတော့ အ၀ါရောင် ထရပ်ကားကြီးတစ်စီးဟာ လမ်းပိတ်ပြီး လူးလှိမ့်နေတဲ့ ထိုအမျိုးသား ကို ဟွန်းတွေ အကြိမ်ပေါင်းများစွာ တီးနေခဲ့ရပါတယ်။



ထို ကားအ၀ါရဲ့ အနောက်မှာလည်း ကားတွေ များစွာ ဟာ တန်းစီနေရတဲ့အနေအထားမျိုးပါ။

ထိုအမျိုးသားဟာ လမ်းလယ်ခေါင်မှာ ဒူးထောက်ပြီး သူ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်မလေးကို ကဗျာဆန်ဆန်ချစ်ရေးဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ကောင်မလေးက ငြင်းပယ်ခဲ့တာကြောင့် သူဟာ အ၀တ်အစားတွေအားလုံးကို ဆွဲချွတ်ပြီး စိတ်မနှံ့သူ တစ်ယောက် လို အော်ဟစ် ကာ သူဘယ်လောက်ထိ လေးလေးနက်နက် ခံစားနေရတယ်ဆိုတာကို ပြသခဲ့ရရှာပါတယ်။

ထိုဗီဒီယိုဟာ တရုတ်နိုင်ငံမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ဒါပေမယ့် တည်နေရာ အတိအကျ ကိုတော့ သေသေချာချာ မသိရှိ/သေးပါဘူး။ ထိုဗီဒီယိုကိုတော့ LiveLeak.com ကနေ တင်ထားခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ၂၂၄၀၀ ကြိမ် အထိရှိခဲ့ပါတယ်။










( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment