Powered by Blogger.

အကြမ်းဖက်သမားတွေတိုက်ခိုက်နေချိန်မှာ အိမ်သာထဲမှာပုန်းအောင်းခဲ့ပြီး လွတ်မြောက်ခဲ့တဲ့ မိခင်နဲ့ကလေးငယ်



အိမ်သာထဲမှာ နှစ်နာရီလောက်ကြာအောင် ပုန်းအောင်းခဲ့တဲ့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုင်ဗရီကိုစ့် တိုက်ခိုက်မှုကနေ သူမနဲ့သူမရဲ့ကလေး လွတ်မြောက်အသက်ရှင်လာခဲ့တယ်လို့ မိခင်တစ်ဦးကဆိုပါတယ်။

ကာလိုင်းဘာတွန်က အကြမ်းဖက်သမားတွေ အပြင်က အလောင်းတွေကို လှည့်ပတ်ရှာဖွေနေတဲ့အချိန်မှာ  သူမရဲ့သမီးငယ် မငိုခဲ့တာက အံ့သြစရာ မျက်လှည့်တစ်ခုဖြစ်တယ် လို့ BBC ကိုပြောကြားခဲ့ပါတယ်။

Grand Bassam ရဲ့ကမ်းခြေအပန်းဖြေစခန်းက ကြောက်မက်ဖွယ် တိုက်ခိုက်မှုမှာ လူ ၁၆ယောက်သေဆုံးခဲ့ပြီး နိုင်ငံခြားသားလေးဦးနဲ့ အိုင်ဗရီကို့စ် အထူးတပ်ဖွဲ့က နှစ်ဦးပါဝင်ခဲ့ပါတယ်။

အကြမ်းဖက်သေနတ်သမားတွေ သူတို့ရှေ့က ကမ်းခြေမှာ စတင်ပစ်ခတ်ချိန်မှာ ဘာတွန်နဲ့ သူမအမျိုးသား၊သမီးငယ်နှစ်ယောက်တို့ဟာ နေ့လည်စာစားနေတာဖြစ်ပါတယ်။

အသက် ၃၂နှစ်အရွယ်ဘယ်လ်ဂျီယံနိုင်ငံသူ   ဘာတွန်နဲ့ သူမရဲ့တစ်နှစ်အရွယ် သမီးငယ်တို့က အကြမ်းဖက်သမားတွေ သူတို့ရဲ့အနီးအနားကအခန်းတွေကို ၀င်ရောက်စီးနင်းနေစဉ်မှာ ဟိုတယ်ထဲမှာ ပုန်းအောင်းနေခဲ့ရပါတယ်။

“ကျွန်မတို့စပြီး ထွက်ပြေးခဲ့ကြပြီးတော့ ကျွန်မအမျိုးသားနဲ့ ကွဲသွားတယ် ကျွန်မတို့တစ်ယောက်စီက ကလေးတစ်ယောက်စီကို လက်ဆွဲထားကြတယ်” လို့ဘာတွန်က ဆိုပါတယ်။

“ကျွန်မတကယ်ပဲ ကျွန်မရဲ့ကလေးမငိုဖို့ သေချာအောင်လုပ်ရတယ်” လို့ သူမကဆိုပါတယ်။

ဘာတွန်က ဆက်ပြီး သူမရဲ့ကလေးငိုမှာအရမ်းစိုးရိမ်နေခဲ့ပြီး ကလေးငိုသံက အကြမ်းဖက်သမားတွေအတွက် သူတို့ပုန်းနေတဲ့နေရာကို အချက်ပေးသလိုဖြစ်သွားမှာ ကြောက်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။

“ကျွန်မရဲ့သမီးငယ် လုံးဝမငိုခဲ့တာကတော့ တကယ့်မျက်လှည့်တစ်ခုလိုပါပဲ”လို့ ဘာတွန်က ဆိုပါတယ်။

ဘာတွန်ရဲ့အမျိုးသားနဲ့ သုံးနှစ်အရွယ် သမီးတို့ကလည်း လုံခြုံခဲ့ပါတယ်။အမျိုးသားနဲ့သမီးဖြစ်သူတို့က တခြားခရီးသည်တွေနဲ့အတူ  အိပ်ခန်းတစ်ခုထဲမှာ ပုန်းပြီး မှောက်နေခဲ့ကြပါတယ်။

နောက်ဆုံး အိုင်ဗရီကိုစ့်စစ်တပ်ရောက်ရှိလာတဲ့အခါမှသာ သူတို့အပြင်ထွက်ခဲ့ရပြီး အနီးအနားကဘုရားကျောင်းတစ်ခုထဲကို ခေါ်ဆောင်ခဲ့ပါတယ်။

သတင်းမီဒီယာတွေကတော့ အဆိုပါတိုက်ခိုက်မှုမှာ အိုင်ဗရီကိုစ့်စစ်တပ်က အယ်ကိုင်ဒါ အဖွဲ့ကလို့ယူဆရတဲ့ တိုက်ခိုက်သူခြောက်ဦးကို သတ်နိုင်ခဲ့လို့ ထုတ်ပြန်ခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror



   
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment