Powered by Blogger.

လေယာဉ်ပျံပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်ကို လေကြောင်းလိုင်းရဲ့ နာမည်ထည့်သွင်းအမည်ပေး



အာရှလေကြောင်းလိုင်းတစ်ခုရဲ့ လေယာဉ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်လေးကို မိခင်ဖြစ်သူက လေကြောင်းလိုင်းရဲ့နာမည်ပါအောင် ထည့်မှည့်ပေးဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။

Jetstar Asia Airways လေယာဉ်ပျံပေါ်မှာ မွေးဖွားခဲ့တဲ့ သားသားလေးဟာ ၆ပေါင် ၇ အောင်စရှိပါတယ်။

 “ လေယာဉ်အမှတ် 3K583 ပေါ်မှာ အဖွဲ့ဝင်ဆရာဝန်တွေနဲ့ လေယာဉ်မောင်မယ်တွေက ဘေးကင်းစွာမွေးဖွားပေးလိုက်တဲ့ သားငယ်လေးရဲ့ အမည်ကို စောဂျက်စတား ( Saw Jet Star ) လို့ အမည်ခေါ်တွင်မှာ ဖြစ်လို့ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ် “ လို့ လေကြောင်းလိုင်းက ရေးသားထားပါတယ်။

မွေးဖွားပြီးချိန်မှာလည်း မိခင်ရော ကလေးပါ ကျန်းမာကြပါတယ်။

လေကြောင်းလိုင်းကတော့ ကလေးငယ်လေးဟာ သူတို့လေယာဉ်ပေါ်မှာ မွေးဖွားတဲ့အတွက် သူ့မိသားစုနဲ့ ကလေးငယ်အတွက် အမေရိကန်ဒေါ်လာ ၇၅၀ တန်ဖိုးရှိ ကလေးပစ္စည်းတွေ လက်ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment