Powered by Blogger.

တရုတ်နိုင်ငံမှာ ဘုန်းကြီးတစ်ပါးရဲ့  ရုပ်ကလာပ်ကို ရွှေသွင်းပြီး ထားရှိကိုးကွယ်ဖို့ စီစဉ်



သေဆုံးပြီး ကျန်တဲ့ ခန္ဓာကိုယ် မဆွေးမြေ့သွားအောင် မံမီ ပြုလုပ်ထားတဲ့ ဘုန်းကြီး တစ်ပါးရဲ့  ရုပ်ကလာပ် ကို ရွှေသွင်းပြီး တရုတ်နိုင်ငံက ရှေးဟောင်း ဘုန်းကြီးကျောင်း တစ်ခုမှာ ထားရှိ သွားမယ်လို့ သိရပါတယ်။

သက်တော် ၉၄ နှစ်ရှိနေပြီဖြစ်တဲ့ Fu Hou ဆိုတဲ့ဘုန်းကြီးဟာ တရုတ်နိုင်ငံ တောင်ပိုင်းက Quanzhou မြို့မှာရှိတဲ့ တောင်ကုန်း တစ်ခုပေါ်မှာ Chongfu ဘုန်းကြီးကျောင်းမှာ သူ့ရဲ့  ဘ၀ သက်တမ်းတွေကို ကုန်ဆုံးစေခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ပျံလွန်တော်မူ ခဲ့တာပဲ ဖြစ်ပါတယ်။






Puzhao ဘုန်းကြီးကျောင်းမှာ ပဲ Fu Hou ရဲ့  ခန္ဓာကိုယ်ကို မံမီ ပြုလုပ်မှု ပညာရှင် ၂ ယောက်ရဲ့  အကူအညီ နဲ့ ရွှေသွင်းခဲ့တာဖြစ်ပြီး ထို ဘုန်းကြီးကျောင်းက ပဲ ဦးဆောင် ပြုလုပ်စေခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဒေသ တစ်ဝိုက်မှာတော့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့  ရုပ်ကလာပ်ကို ရွှေသွင်းထားရှိ ကိုးကွယ်စေတာဟာ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရဲ့  ဓလေ့တစ်ခုဖြစ်တယ်လို့ Telegraph သတင်းဌာနက ဖော်ပြထားပါတယ်။

အသက် ၁၇ နှစ်မှာစတင်ပြီး သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့တဲ့ Fu Hou ရဲ့  ထိုင်လျက် အနေအထား ရုပ်ကလာပ်ကို မံမီပြုလုပ်ဖို့ ကြီးမားတဲ့ အိုးတစ်ခုတည်းမှာ ဆေးရည် စိမ်ပြီး ၃ နှစ်တိတိ ထားရပါတယ်။ ၃ နှစ်ပြည့်တဲ့အခါမှ အနေအထား ပြောင်းလဲသွားခြင်းမရှိတဲ့ ရုပ်ကလာပ်ကို ရွှေ အထပ်ထပ်သွင်းပြီး ရုပ်ကလာပ်အဖြစ် ထားရှိကိုးကွယ်စေခဲ့တာပဲ ဖြစ်ပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment