Powered by Blogger.

ကိုယ့်အိမ်မွေးတိရ​စ္ဆာန်လေးတွေအတွက် ပူပြင်းတဲ့နွေရာသီမှာ ဂရုစိုက်သင့်တဲ့အချက်များ


ရာသီဥတု ပူလာတာနဲ့ အမျှ လူတွေဟာ ရှောင်ကြဉ်သင့်တဲ့အရာ တွေရှိလာပါတယ်။ အဲဒီလိုပဲ သင်ကိုယ်တိုင် တန်ရာတန်ကြေးပေးပြီး သံယောဇဉ်တွယ်ထားတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ဖြစ်သလိုထားလို့ မရပါဘူး။ ရှောင်ကြဉ်သင့်တဲ့ အရာလေးတွေရှိပါတယ်။ အဲဒါတွေကတော့ -

(၁) အိမ်မွေးတိရစ္ဆာန်လေးတွေကို ကားထဲမှာ မထားခဲ့ပါနဲ့

တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသော ရာသီဥတုကြောင့် အိမ်မွေးတိရစ္ဆာန်လေးများကို အလုံပိတ်ကားထဲတွင် ထားခဲ့ခြင်းဟာ သေဆုံးဖို့  အလွန်များပြားစေသော အချက်ဖြစ်ပါတယ်။ မိနစ်၃၀ အတွင်းမှာ ကားအတွင်းအပူချိန်ဟာ 117 ဒီဂရီအထိ တိုးမြင့်လာနိုင်တာကြောင့် အဲ့ဒီအချက်ကို လုံးဝဂရုပြုရမှာဖြစ်ပါတယ်။

(၂) အိမ်မွေးတိရစ္ဆာန်လေးတွေကို နိုးနိုးကြားကြား ဖြစ်မဖြစ် ကြည့်ပေးပါ

တစ်နေ့ ကုန် ပူလောင်အိုက်စပ်သော အခန်းများတွင် သင့်အိမ်မွေးတိရစ္ဆာန်လေးများကို မထားသင့်ပါ၊ အိမ်အပြင်ဘက်သို့ ခေါ်ယူသွားပေးခြင်းနဲ့ အတူလမ်းလျှောက်ထွက်ပေးခြင်းတို့ကို ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

(၃) အိမ်အတွင်းအပူအအေးမျှတအောင် ပြုလုပ်ပေးပါ

အပြင်မှာ အရမ်းပူပြင်းနေသောအချိန်တွင် သင်အခန်းကို အပူအအေးမျှအောင်လုပ်ဆောင်နိုင်ရန် မလွယ်ကူပေ.. တစ်ချို့ သောလူများ အပြင်ထွက်တဲ့အခါ အဲယားကွန်းပိတ်၍ ထွက်သွားခြင်းဟာ အိမ်မွေးတိရစ္ဆာန်လေးများကို အလွန် အန္တရာယ်များစေပါတယ်။ အပြင်ထွက်ဖြစ်လျှင် လေ၀င်ပေါက်ရနိုင်သော ပြတင်းပေါက် အချို့ ကိုဖွင့်ထားဖို့တော့ မမေ့သင့်ပါဘူး။

(၄) အိမ်မွေးတိရစ္ဆာန်လေးများအတွက် အရိပ်နှင့် ရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးပါ


ပူပြင်းသောရာသီဥတုကြောင့် အိမ်မွေးတိရစ္ဆာန်လေးများဟာ ရေဓာတ်ခန်းခြောက်ခြင်းနှင့် အပူလျှပ်ခြင်းဝေဒနာကို လျင်မြန်စွာခံစားရပါတယ်။ ဒါကြောင့် မိမိနဲ့ အပြင်တူတူထွက်လျှင် အရိပ်ရှိသောနေရာ သို့ မဟုတ် ရေများများရှိသောနေရာသို့ သွားတာသာလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။



( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Pets'Life
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment