Powered by Blogger.

အိန္ဒိယအမျိုးသမီးတစ်ဦးက အသက် ၇၂ နှစ်အရွယ်အရောက်မှ ကလေးမွေးဖွား


အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ စုံတွဲတစ်တွဲဟာ သန္ဓေသားရရှိရေး ကုထုံးတွေခံယူပြီး ၂ နှစ်အကြာမှာ သူတို့ရဲ့ ပထဦးဆုံး ရင်သွေးလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။

မွေးနေ့အထောက်အထား မပြနိုင်တော့တဲ့ အသက် ၇၂ နှစ်အရွယ်ခန့်ရှိ Daljinder Kaur ဟာ fertility treatments တွေ ပြုလုပ်ပေးနေတဲ့ Haryana's National Fertility Center မှာ ဧပြီလ ၁၉ ရက်နေ့ကပဲ ကျန်းမာသန်စွမ်းတဲ့ ယောကျာ်းလေး မွေးဖွားခဲ့ပါသတဲ့။

ဖခင်ဖြစ်သူကတော့ Kaur ရဲ့ခင်ပွန်းဖြစ်သူ ၄၆ နှစ်ကြာပေါင်းသင်းနေထိုင်ခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် Mohinder Singh Gill, 79 ပဲဖြစ်ပါတယ်။

 “ လူတိုင်းကတော့ ကလေးလေး မွေးစားပါလားလို့ ပြောပေမယ့်။ ကျွန်မ ဘယ်တုန်းကမှ မွေးစားတာမျိုးမလုပ်ချင်ခဲ့ပါဘူး။ ခုတော့ ကျွန်မရဲ့သွေးသားရင်သွေးလေးကို ပိုင်ဆိုင်နိုင်ပါပြီ။ သူ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ပြီး ပညာတတ်အောင်လည်း သင်ပေးမှာပါ။ နတ်ကောင်းနတ်မြတ်တွေက ကျွန်မရဲ့ ဆုတောင်းတွေကို ပြည့်အောင်လုပ်ပေးလိုက်တာပါပဲ “ လို့ Kaur က The Telegraph ကို ဖြေကြားထားပါတယ်။

ဒါပေမယ့် တစ်ချို့ဆရာဝန်တွေကတော့ ဒီလို မျိုးဆက်ပြန့်ပွားရေး မျိုးကို အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ Kaur လို အမျိုးသမီးတွေအတွက် ကုသလုပ်ဆောင်ပေးမှုတွေကို ထောက်ပြဝေဖန်ကြပါတယ်။

" အသက် ၅၀ ကျော်  အမျိုးသမီးတွေကို ကိုယ်ဝန်မဆောင်ဖို့ အစိုးရက တားမြစ်ချင်နေကြတာပါ။ ဒါပေမယ့် ဒီအမျိုးသမီးတွေက လူသတ်နေတာမဟုတ်ပါဘူး.. ကလေးငယ်တွေ မွေးဖွားရှင်သန်စေမှာ ဖြစ်လို့ သူတို့ ဒီလိုတားလို့ မရပါဘူး။ မျိုးဆက်ပွားခြင်းဟာ အဓိကအခြေခံ အခွင့်အရေးပါပဲ။ အစိုးရအနေနဲ့ တားမြစ်ခွင့်မရှိပါဘူး “ လို့ ဆေးရုံရဲ့ တာဝန်ခံဖြစ်သူ Dr. Anurag Bishnoi က ပြန်လည်ရှင်းလင်း ပြောပြထားပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment