Powered by Blogger.

Key West ရဲတွေဟာ ညောင်ပင်ကြီးတစ်ပင်ကြား ညပ်နေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ခဲ့ရ



Key West ရဲဌာနက ရဲတွေဟာ ညောင်ပင်ကြီးတစ်ပင်ကြားမှာ ညပ်နေတဲ့အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ပေးခဲ့ရပါသတဲ့။

Key West ရဲဌာနရဲ့ ဖေ့ဘွတ်စာမျက်နှာမှာတော့ အမျိုးသမီးရဲ့ ခြေထောက်တွေဟာ သစ်ပင်ရဲ့ အမြစ်တွေကြားမှာ ညပ်နေပြီး ကယ်ဆယ်ဖို့ ကြိုးစားနေကြပုံကို ဖော်ပြထးပါတယ်။

ရဲအရာရှိ Scott Standerwick က မီးသတ်သမားတွေနဲ့အတူတူ အမျိုးသမီးကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ကြရတယ်လို့ ဆိုပါတယ်။
 “ ကယ်ဆယ်ရေးသမားတွေက သူ့ကို ဖော့ဘူးဆို့လို ထွက်လာအောင်လုပ်ပြီး ကယ်ခဲ့ကြရပါတယ် “ လို့ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ABC 10 သတင်းဌာနကို ဖြေကြားထားပါတယ်။

အမျိုးသမီးဟာ သစ်ပင်ပေါ်ကို တက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး အမြစ်တွေကြားမှာ ညပ်နေခဲ့တာ ဖြစ်ပါသတဲ့။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment