Powered by Blogger.

ဒါတွေကို သင်သိပါသလား???



သင့်အတွက် ဗဟုသုတရစေမယ့် အချက်အလက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁. ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ချောကလက်အစားဆုံးနိုင်ငံဖြစ်ပြီး သူတို့နိုင်ငံသားတစ်ဦးစီဟာ တစ်နှစ်ကို ပျမ်းမျှ ၁၀ ကီလိုဂရမ်အထိ စားသုံးကြတယ်လို့ သိရပါတယ်။

၂. ကမ္ဘာပေါ်က စုံတွဲအများစုဟာ ငွေရေးကြေးရေးကြောင့် ပြဿနာတက်တာအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၃. ကြောင်တွေရဲ့ နားရွက်တစ်ဖက်စီတိုင်းမှာ ကြွက်သား ၃၂ ခုရှိပါတယ်။

၎. ကြောင်တွေဟာ သူတို့သက်တမ်းရဲ့ ၆၆ ရာနှုန်းကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးကြပါတယ်။

၅.  ရွေငါးတွေဟာ အနီအောက်ရောင်ခြည်ရော ၊ ခရမ်းလွန်ရောင်ခြည်နှစ်မျိုးလုံးကို မြင်နိုင်တယ်လို့ သိရပါတယ်။

၆. အင်္ဂလိပ်ဘာသာစကားမှာ “dreamt” ဆိုတဲ့ စကားလုံးသာ “mt” နဲ့ ဆုံးတဲ့ တစ်လုံးတည်းသော စကားလုံးဖြစ်ပါတယ်။

၇. July လကနေ November လအထိ အစ စာလုံးတွေကို ပေါင်းစပ်လိုက်ရင် လူနာမည် “JASON” ဖြစ်သွားပါတယ်။

၈. မိုးကြိုးပစ်ချိန်မှာ မိုးကြိုးရဲ့ အပူချိန်ဟာ ၃၀၀၀၀ ဒီဂရီဆဲလ်စီယပ်စ် ( ၅၄၀၀၀ ဒီဂရီဖာရင်ဟိုက် ) အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

၉. တိုက်ကြီးခုနစ်တိုက်ထဲမှာ သက်ဝင်မီးတောင်မရှိတဲ့ တစ်ခုတည်းသောတိုက်ဟာ သြစတေးလျတိုက်ဖြစ်ပါတယ်။

၁၀. ကမ္ဘာပေါ်မှာ အရှည်ဆုံးလမ်းကတော့ ကနေဒါနိုင်ငံ တိုရွန်တိုဒေသက Yonge လမ်းဖြစ်ပြီး အရှည်အနေနဲ့ ၁၈၉၆ ကီလိုမီတာ (၁၁၇၈ မိုင်) ရှည်လျားတယ်လို့ သိရပါတယ်။

( Paing A K )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Did You Know

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment