Powered by Blogger.

ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံတွေပေါ်တက်ပြီး Selfie ဆွဲပြခဲ့တဲ့ သတ္တိခဲများ


မီတာရာပေါင်းများစွာ မြင့်မားတဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတွေပေါ်မှာတော့ selfie ဓာတ်ပုံတစ်ခုအတွက် စွန့်စားမှုတွေကို လူတစ်စုက ပြုလုပ်နေကြပါတယ်။ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေအတွက် selfie-stick တစ်ချောင်းနဲ့ အပိုမပါတဲ့ အသက်ကို စတေးရဲတာကတော့ မိုက်ရူးရဲဖြစ်မလား ၊ သတ္တိခဲဖြစ်မလားဆိုတာကတော့ မဝေခွဲတတ်အောင်ပါပဲ။


မိုးမျှော်တိုက်ရဲ့ ထိပ်ဆုံးနေရာတွေမှာ မတ်တပ်ရပ်ပြီး ဆယ်လ်ဖီရိုက်တာကတော့ ပုံကို ကြည့်နေရတဲ့ လူတောင် ကြက်သီးထပါတယ်။ ဒီလို စွန့်စားသူတွေဟာ မိုးမျှော်အဆောက်အအုံရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိဖို့အတွက် လုံခြုံရေးတွေနဲ့ CCTV ကင်မရာတွေကိုလည်း ရှောင်ကြဉ်ခဲ့ရတယ်လို့ သိရပါတယ်။


အခုရိုက်ထားတဲ့ ဓာတ်ပုံတွေကတော့ ဟောင်ကောင်မြို့ရဲ့ အမြင့်ဆုံးအဆောက်အအုံတွေမှာ ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပြီး အလက်ဇန္ဒားရမ်းနက်ဗ်ဦးဆောင်တဲ့ သာမန်'rooftopper' တွေဖြစ်တာကြောင့် selfie-stick အပြင် ဘာအကူပစ္စည်းမှ မပါဝင်ဘူးလို့ သိရပါတယ်။ အထပ် ၈၉ ထပ်ရှိပြီး ၄၅၀ မီတာအမြင့်ရှိတဲ့ Nanjing Zifeng  တာဝါထိပ်က ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဒူဘိုင်းက ၁၀၁ ထပ်အဆောက်အအုံဖြစ်ပြီး ၄၁၃.၄ မီတာမြင့်တဲ့ Princess တာဝါအပါအဝင် တစ်ခြား ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ အခု ၂၀ ပေါ်မှာလည်း အခုလို ဆယ်လ်ဖီပုံတွေကို ရိုက်ကူးဖို့ စီစဉ်သွားအုံးမယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment