ပထမဆုံးသဘောထားမတိုက်ဆိုင်မှုရှိမှ ဖွင့်ကြည့်ရမယ့်လက်ဆောင်ကို ဖွင့်ကြည့်ဖို့အတွက် အချိန် ၉ နှစ် ယူခဲ့ရတဲ့ စုံတွဲ
ရှေးကျတဲ့ မီချီဂန် စုံတွဲ တစ်တွဲက သူတို့ရဲ့ ပထမဆုံး သဘောထား မတိုက်ဆိုင်မှုနဲ့ ကြုံမှ ဖွင့်ကြည့်ရမယ့် မင်္ဂလာလက်ဆောင်ကို ရရှိပြီး ၉ နှစ်နောက်ပိုင်းမှာ ဖွင့်ကြည့်ဖြစ်ခဲ့ကြပါတယ်။
Kathy Gunn နဲ့ သူ့ ခင်ပွန်းဖြစ်သူ Bardon တို့က Kathy ရဲ့ အဒေါ်ဖြစ်သူ Mich Kalamazoo ဆီကနေ ဒီလက်ဆောင်ကို ရရှိခဲ့တဲ့အကြောင်း Facebook မှာပြောပြခဲ့ပါတယ်။
‘အဖြူရောင်ဘူးနဲ့အတူ ပထမဆုံး သဘောထားမတိုက်ဆိုင်တဲ့အချိန် မတိုင်ခင် ဖွင့်မကြည့်ပါနဲ့လို့ ရေးထားတဲ့ ကဒ် ကို ရရှိခဲ့တာပါ။ ခုချိန်မှာတော့ ဖြတ်သန်းခဲ့တဲ့ ၉ နှစ်အတွင်း စကားများတာတွေ ၊ သဘောထား မတိုက်ဆိုင်တာတွေ ၊ ငြင်းခုံခဲ့တာတွေ ၊ တံခါးဆောင့်တွန်းတာတွေ အများကြီး ရှိခဲ့တာပေါ့ ။ လက်လျော့ဖို့နှစ်ယောက်လုံး ဆုံးဖြတ်ထားတဲ့ လတ်တလော ဖြစ်ပျက်တာတွေကလဲ တစ်ခုမကရှိခဲ့ပေမယ့် လက်ဆောင်ရတဲ့ ဘူးကို ဘယ်တုန်းကမှ ဖွင့်မကြည့်ခဲ့ဘူး ’ လို့ Gunn က ရေးခဲ့ပါတယ်။
Gunn နဲ့ သူ့ခင်ပွန်းဟာ တစ်နေ့မှာ ပိုဆိုးရွားတဲ့ သဘောထား မတိုက်ဆိုင်တာတွေနဲ့ နားလည်မပေးနိုင်တာတွေ ကြုံတွေ့လာမှာကို ကြောက်လာတဲ့အတွက် သူတို့ရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ ရန်ဖြစ်ပွဲတွေကို ဖယ်ရှားဖို့ လက်ဆောင်ဘူးကို ဖွင့်ကြည့်ခဲ့ကြပါတယ်။
ဘူး ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ၀ိုင်ခွက်တွေရယ် တစ်ဦးချင်းဆီအတွက် စာတိုကလေးတွေရယ် ရှိနေပါတယ်။ Brandon အတွက် ငွေသားတစ်ချို့ပါဝင်ပြီး စာတိုထဲမှာ ပန်းနဲ့ ၀ိုင်တစ်ပုလင်း ၀ယ်ဖို့ ပြောထားပါတယ်။ Gunn အတွက်လည်း ငွေသားတစ်ချို့ပါဝင်ပြီး ပီဇာ ၊ ပုဇွန် နဲ့ နှစ်ယောက်လုံး ကြိုက်မယ့်တစ်ခုခု ၀ယ်ဖို့ ပြောထားပြီး ရေချိုးပါ ဆိုပြီးတော့လည်း ရေးထားပါသေးတယ်တဲ့။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment