Powered by Blogger.

မန်ချူးဆက် အမျိုးသားတစ်ဦးက အိမ်အတွင်း ၀င်ရောက်ဖျက်စီးပြီး ခရမ်းရောင်ခွေးဖန်တီး


မန်းချူးဆက် အမျိုးသားတစ်ဦးက အိမ်တွင်းဝင်ရောက်ဖျက်စီးမှု ၊ ကားခိုးယူမှုနဲ့ ခရမ်းရောင်ခွေးတစ်ကောင် ဖန်တီးမှုတွေနဲ့ စွဲချက်တင်ပြီး ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ရဲတွေက အခိုးခံရပြီး ပျက်စီးနေတဲ့ ကားကို စနေနေ့က ရှာတွေ့ခဲ့ပြီး မိနစ်ပိုင်းအကြာမှာ အိမ်အတွင်း ပြတင်းပေါက်မှတဆင့် ၀င်ရောက်ပြီး ပစ္စည်းခိုးယူမှုနဲ့အတူ ခရမ်းရောင်နဲ့ ဆေးခြယ်ထားတဲ့ ခွေးပုံတွေ့တဲ့အကြောင်း သတင်းရရှိခဲ့ပါတယ်။

သံသယရှိသူဖြစ်တဲ့ Felix Reagan က အိမ်ပြတင်းပေါက်ကတဆင့် ၀င်ရောက်ပြီး ဆေးတွေ ၊ ကားမောင်းလိုင်စင် နဲ့ အကြွေးဝယ်ကဒ်တွေကို ခိုးယူခဲ့ပြီး ခွေးကို ခရမ်းရောင်နဲ့ ဆေးခြယ်ခဲ့တာ ဖြစ်ပါတယ်။

အရက်သေစာသောက်စားမှု ၊ အိမ်တွင်းဝင်ရောက်ဖျက်စီးမှု ၊ တိရိစ္ဆာန် အကြမ်းဖက်မှု ၊ ကားခိုးယူမှု တွေနဲ့ ရဲစခန်းကို ရဲကားနဲ့ ဖမ်းလာတဲ့လမ်းမှာ Reagan က ရဲတစ်ယောက်ကို နှစ်ကြိမ်ကန်ပြီး ကားမှန်ကတစ်ဆင့် ပြုတ်ကျအောင် ကန်ခဲ့ပါသေးတယ်တဲ့။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment