ဘီးတစ်လုံးစက်ဘီး စီးသူ Flaviu Cernescu က မကြောက်မရွံနဲ့ ပေ ၈၄၀ မြင့်တဲ့ မီးခိုးခေါင်းတိုင် ထိပ်မှာ လေထဲကို ခုန်ပြီး အနိမ့်အမြင့် အကွေ့အကောက်တွေကို မျှတအောင်ထိန်းချုပ်နိုင်တဲ့ သူ့ရဲ့ စွမ်းရည်တွေကို ပြသခဲ့ပါတယ်။
Cernescu က သူငယ်ချင်းဖြစ်သူ Nikoai Ismail နဲ့အတူ ရှည်လျားကျဉ်းမြောင်းတဲ့ မီးခိုးခေါင်းတိုင်ထိပ်က ဗွီဒီယိုကို YouTube ပေါ်မှာတင်ခဲ့ပါတယ်။
Cernescu က မီးခိုးခေါင်းတိုင်ရဲ့ ကျဉ်းမြောင်းတဲ့ ဘေးဘောင်ပတ်ချာလည်ပေါ်မှာ စက်ဘီး စီးပြခဲ့တာဖြစ် ပြီး သူနဲ့ သူ့သူငယ်ချင်းနှစ်ယောက်လုံးက ခေါင်းတိုင်အ၀ ဘောင်တွေပေါ်မှာ သတိထားပြီး လမ်းလျှောက်နေရတာဖြစ်ပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment