Powered by Blogger.

မိခင်ဖြစ်သူက ကလေးအသက်၎နှစ်ပြည့်အတွက် နွားလေးမွေးဖွားနေပုံ ကိတ်မုန့်နဲ့ဆန္ဒဖြည့်စည်းပေး


ကနေဒါက မိခင်တစ်ဦး က သူ့သား ၄နှစ်ပြည့် မွေးနေ့ပွဲမှာ နွားပေါက်လေး မွေးဖွားနေတဲ့ပုံစံ ကိတ်မုန့်ကို အထူးတလှယ် ပြုလုပ်ပေးခဲ့ပါတယ်။

မိခင်ဖြစ်သူ Jamie Packard ရဲ့ သားလေးက နွားလေးမွေးဖွားနေတဲ့ ပုံစံကိတ်မုန့် လုပ်ပေးဖို့ သူ့မွေးနေ့ မတိုင်ခင် လတော်တော်ကြာတည်းက ပူဆာနေတာပါ။

ဒါကြောင့် Packard နဲ့ ခင်ပွန်းဖြစ်သူ Tyler တို့က ၀ိုင်းဝန်းဖန်တီးပေးခဲ့ကြပါတယ်။

‘မွေးနေ့ပွဲမှာ သူပူဆာထားတဲ့ ကိတ်မုန့်ကိုတွေ့တော့ ပျော်လွန်းလို့ လက်ဝါးချင်းလာရိုက်တယ် ‘လို့မိခင်ဖြစ်သူ Packard ကပြောပါတယ်။ မွေးနေ့ပွဲကို လာရောက်တဲ့ ဧည့်သည်တွေကလည်း ကိတ်မုန့်ကိုမြင်တော့ အတောမသတ်နိုင်အောင် ရယ်ခဲ့ ပျော်ခဲ့ရပါတယ်တဲ့။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment