Powered by Blogger.

ယာဉ်အန္တရာယ်ကင်းရှင်းအောင် ပြုလုပ်ပေးတဲ့ အပေါ်ပိုင်းဗလာယာဉ်ထိန်း ရုရှားအမျိုးသမီးများ


ရုရှားလူမျိုးတွေရဲ့ လုပ်ဆောင်မှုမျိုး သင် အရင်က တွေ့ဘူးမှာ မဟုတ်ပါဘူး။

ရုရှားနိုင်ငံက ရဲတွေက ကားသမားတွေ ကားကို အရှိန်လျှော့ မောင်းနှင်ကြဖို့ နည်းလမ်းသုံးပြီး လုပ်ဆောင်လိုက်ကြပါတယ်။ နည်းလမ်းကတော့ အပေါ်ပိုင်း အ၀တ်အစား မပါဝင်တဲ့ အမျိုးသမီး နှစ်ဦးက အရှိန်လျော့ရမယ့် နှုန်းရေးထားတဲ့ ဆိုင်းဘုတ် ကိုင်ပြထားတာပါ။

ဒီလို စမ်းသပ်လုပ်ဆောင်လိုက်တာက တကယ်ကို သိသာတဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဘရိတ်ကို အုတ်ပြီး မောင်းသွားကြတဲ့ အများစုကတော့  အမျိုးသားတွေ ပါပဲ။

မော်စကိုမြို့ကနေ ၄၀၀ ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ Nizhny Novgorod နယ်ရဲ့ အသေအပျောက်များတဲ့ နေရာမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုတွေနဲ့ အသေအပျောက်အများဆုံး နိုင်ငံဖြစ်ပြီး တစ်နှစ်ကို အသေအပျောက် ၃ သောင်းထက်မနည်း ရှိပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကလဲ အပေါ်ပိုင်းအ၀တ်အစားမပါတဲ့ အမျိုးသမီးတွေက လုံခြုံစိတ်ချရမှုအတွက် ဆိုင်ကယ် ဦးထုတ်ဆောင်း၊ ဒေါက်မြင့်ဖိနပ်စီး ပြီး ပညာပေး ဟန်ရေးပြခဲ့ပါသေးတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment