Powered by Blogger.

အင်္ဂလန်နိုင်ငံမှာ မြစ်ရေနဲ့ ဘီယာချက်သွားမည်


ဘယ်သူကမှတော့ ညစ်ပတ်တဲ့ရေကို သောက်ချင်မှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း အင်္ဂလန်က ဘီယာချက်လုပ်သူတစ်ချို့က Boston’s Charles မြစ်ထဲက ရေကို အရသာအရှိဆုံးအရာအဖြစ် ပြောင်းလဲမှုကို အောက်တိုဘာ ၁ ရက်နေ့မှာ ပြီးမြောက်အောင်လုပ်ဆောင်ကြမှာပါ။

“Brew the Charles” ဆိုတဲ့ စိန်ခေါ်မှုကို ပထမဆုံးအနေနဲ့ နယ်ပယ်၆ခုက ဘီယာချက်လုပ်သူတွေက  အနုပညာ၊ သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှု ပွဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။

မန်ချူးဆက်ရေသန့်စင်ရေး ကုမ္ပဏီ တစ်ခုက ဒီပြိုင်ပွဲပြုလုပ်ဖို့ ကမကထ ပြုလုပ်ထားတာဖြစ်ပြီး ပြိုင်ပွဲကနေတဆင့် ရေအဆင့်ဆင့်ပြောင်းလဲမှုနဲ့ ထိန်သိမ်းတဲ့ နည်းပညာတွေကို သိမြင်လာဖို့ ရည်ရွယ်ထားပါတယ်။

Boston မြစ်ဟာ မန်ချူးဆက်ပြည်နယ် ၂၃ ခုကို ဖြတ်ပြီး စီးဆင်းနေတာပြီး Boston ဆိပ်ကမ်းမှာ အဆုံးသတ်ပါတယ်။ ဖြတ်သန်းစီးဆင်းတဲ့ လမ်းကြောင်း ရှည်လျားတဲ့ အလျောက် ရေတွေကလည်း ညစ်ပတ်တယ်ဆိုတဲ့ သတင်းနဲ့လည်း ကျော်စောပါတယ်။

မြစ်ထဲက ရေ ဂါလံ ၄ ထောင်ကို သယ်ယူပြီး စိမ့်ဝင်ပျံနှံစေတဲ့နည်းပညာတွေနဲ့ ပြောင်းလဲတီထွင်မှာပါ။

‘သောက်သုံးဖို့ စိတ်ချရရဲ့လား၊ စိတ်ပျော်ရွှင် ကျေနပ်မှုပေးနိုင်မှာလားလို့ မေးနေကြတဲ့ လူတွေအများကြီးပါ။ တစ်ခုသောက်ရုံနဲ့တော့ စိတ်ကျေနပ်မှာမဟုတ်ပါဘူး။ ဒီဘီယာကို စိတ်ချလက်ချ သောက်သုံးနိုင်ရုံတင်မက ဒါကို ခင်များတို့ နောက်ထပ် နောက်ထပ် လိုချင်နေမယ်ဆိုတာ ကျွန်တော့်ပြောရဲတယ်’ လို့ ဘီယာချက်လုပ်သူတစ်ဦးဖြစ်တဲ့ Romanow က ပြောပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment