Powered by Blogger.

တက်တူးဆေးတွေနဲ့ ခွဲစိတ်ဒါဏ်ရာ အမာရွတ်တွေကို ဖုံးအုပ်နိုင်


ကင်ဆာအတွက် ခွဲစိတ်မှုတွေကနေ ရရှိတဲ့ အကျည်းတန်တဲ့ အမာရွက်တွေကို ပုံမှန် အသားရေ ပုံစံ ရရှိစေနိုင်တာက တက်တူးဆေးတွေရဲ့ ကောင်းကျိုးတွေပါ။

လေ့လာချက်အရ ခေါင်းနဲ့လည်ပင်းမှာ တက်တူးဆေးတွေ ရှိတဲ့ လူနာ ၅၆ ယောက်ကို စစ်တမ်း ကောက်ကြည့်တဲ့အခါ သူတို့က ဒီလို တက်တူးထိုးရတာအပေါ်မှာ စိတ်ကျေနပ်မှုရှိကြပါတယ်။ သူတို့ရဲ့ အမာရွတ်တွေက ပိုမို ကြည့်လို့ကောင်းလာတယ်လို့မြင်ပြီး နဂိုဒါဏ်ရာအမာရွတ်ကို မြင်ပြီး ခံစားရတဲ့ စိတ်ဖိအားတွေလည်း လျော့နည်းစေတယ်လို့ တွေ့ရပါတယ်။

လည်ပင်းနဲ့ခေါင်းမှာ ရှိတဲ့ အကျိတ်တွေ ခွဲစိတ်ထားတွေက တက်တူးထိုးလိုက်ရင် ပိုပြီး သဘာဝကျတဲ့ အသားအရေကို ရရှိစေပြီး  ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း Amsterdam ဆေးရုံက လူနာ ၅၆ ယောက်မှာ တက်တူးမထိုးချင်တဲ့လူတွေကို စစ်တမ်းကောက်ကြည့်တော့ ပျှမ်းမျှ အသက် ၅၇အရွယ် ရှိတဲ့ အမျိုးသမီး ၇၅ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။

ခြုံကြည့်ရမယ်ဆိုရင်တော့ လူနာတော်တော်များများက သဘောတွေ့ကြတာများပါတယ်။

( Michelle )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref :  UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment