Powered by Blogger.

Yankee အားကစားကွင်းမှာ စေ့စပ်ခွင့်တောင်းရင်း စေ့စပ်လက်စွပ်ပျောက်



နယူးယောက် Yankee အားကစားကွင်းက ကစားပွဲကိုကြည့်ရင်း စေ့စပ်ခွင့်တောင်းနေတုန်း စေ့စပ်လက်စွပ်ပျောက်သွားတဲ့ အတွဲကတော့ သူတို့တစ်သက် ထူးခြားတဲ့ စေ့စပ်ပုံပြင်ကို ပိုင်ဆိုင်သွားကြမှာပါ။

Yankee ပရိတ်သတ်တစ်ဦးဖြစ်တဲ့ Andrew က သူ့ကောင်မလေး Heather ကို ပြိုင်ပွဲကြည့်ရင်း ဘူးလေးကို ဖွင့်လိုက်တော့ အထဲမှာ လက်စွပ်က ရှိမနေတော့ဘူး။

ပုံမှန်ရိုးရိုးရှင်းရှင်း ဒူးထောက် ဘူးလေးဖွင့် သူ့ကို ခွင့်တောင်းမယ် တွေးထားရာက ဘယ်ပြုတ်ကျသွားမှန်း မသိတော့ တော်တော်လန့်သွားတယ် လို့ Andrew က ပြောပါတယ်။

Andrew တစ်ယောက် ထိပ်ထိပ်ပျာပျာနဲ့ လှည့်ပတ်ရှာနေတော့ အနီးအနားက ပရိတ်သတ်တွေက သူတို့ဖုန်းမီးတွေကို ဖွင့်ပြီး ပျောက်သွားတဲ့လက်စွပ်ကို ကူရှာပေးခဲ့ကြပါတယ်။

ကံကောင်းစွာနဲ့ လက်စွပ်ကိုသူတို့ခြေရင်းနားက ကုတ်အင်္ကျီ ထဲမှာ ပြန်တွေ့ခဲ့ပြီ Heather ကလည်း လက်ခံခဲ့ပါတယ်။


( Michelle )


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment