Powered by Blogger.

အီစတန်ဘူမှာ သက်တောင့်သက်သာ လဲလျောင်းနေတဲ့ ကြောင်တစ်ကောင်ရဲ့ ရုပ်ထုကို ဂုဏ်ပြုထုလုပ်


အီစတန်ဘူက လှေကားထစ်ပေါ်မှာ အမှတ်မထင် သက်တောင့်သက်သာ လဲလျောင်းသလို ထိုင်နေတဲ့ ကြောင်တစ်ကောင်က ရုပ်ထု ထုလုပ်ခံရတဲ့ အထိ နာမည်ကျော်ကြားလာခဲ့ပါတယ်။

လူသွားလမ်းလေးရဲ့ လှေကားထစ်ပေါ်မှာ လက်တစ်ဖက်တင်ပြီး သက်တော့သက်သာထိုင်နေတဲ့ ကြောင်လေး Tombili ရဲ့ ရုပ်ထုကို ကမ္ဘာ့တိရိစ္ဆာန်များနေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ကျင်းပခဲ့တာပါ။

၀၀ဖြိုးဖြိုး ဒေါင်ကောင်းကောင်းနဲ့ Tombili က နေမကောင်းဖြစ်ပြီး သြဂတ် ၁၀ ရက်နေ့က သေဆုံးသွားခဲ့ပါပြီ။ တစ်လလောက်နေမကောင်းတာကို ခံစားခဲ့ရပြီး သြဂတ်လ အစောပိုင်းမှာ ဘ၀ချုပ်ငြိမ်းသွားပြီ ဖြစ်တဲ့ Tombili ဟာ လူတွေရဲ့ နှလုံးသားထဲမှာ ရှင်သန်နေမှာပါတဲ့။

Tombili ဆုံးသွားပြီး မကြာခင်မှာပဲ ရုပ်ထုကို ဖန်တီးပြုလုပ်ခဲ့ကြတာပါ။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment