Powered by Blogger.

မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အာရေဗျသဲကန္တရကြောင်



 New Scientist ရဲ့အဆိုအရ အာရေဗျသဲကန္တရကြောင်တစ်ကောင်ကို ယူအေအီးနိုင်ငံထဲမှာ ဆယ်နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင်တွေ့ရခဲ့တယ်လို့ သိရှိရပါတယ်။

 သဲကန္တရကြောင်တွေဟာ ကမ္ဘာပေါ်မှာ မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရဆုံး တိရစ္ဆာန်တွေရဲ့စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒီကြောင်တွေဟာ အနောက်အာရှဒေသနဲ့ မြောက်အာဖရိကဒေသတို့ရှိ သဲကန္တရတွေမှာ ကျက်စားလေ့ရှိပါတယ်။ သူတို့တွေဟာ ပူပြင်းလှတဲ့ ရာသီဥတုအခြေအနေကို အေးမြနိုင် ပြောင်းလဲနိုင်စွမ်းရှိပြီး သဲတွေကျင်းတူးပြီး နေထိုင်တတ်တဲ့ ကြောင်တစ်မျိုးလည်း ဖြစ်ပါတယ်။


လျှို့ဝှက်စွာနေထိုင်တတ်ပြီး ညအခါမှသာ အစာရှာထွက်လေ့ရှိတဲ့ သဲကန္တရကြောင်တွေဟာ သာမာန်အိမ်မွေးကြောင်တွေလို ကိုယ်အလေးချိန် တူညီမှုရှိပြီး လေးပေါင်ကနေ ရှစ်ပေါင်လောက်အထိ လေးလံနိုင်ကာ ၃ပေနီးပါးလောက် မြင့်မားကြပါတယ်။

 ဒီကြောင်တွေကို အဓိကမျိုးတုံးစေတဲ့ အကြောင်းအရာကတော့ သူတို့နေထိုင်တဲ့ သဲကန္တရအတွင်း သူတို့အတွက် လုံလောက်တဲ့စားစရာမရှိတာကြောင့်ဖြစ်တယ်လို့ မှတ်ချက်ချထားပါတယ်။ ရှာရဖွေရခက်တဲ့ တိရစ္ဆာန်ဖြစ်နေတာကြောင့် ယနေ့အချိန်ထိ ဒီကြောင်တွေကို သိပ္ပံနည်းပညာနဲ့ စစ်ဆေးဖို့ ခက်ခဲနေသလို ကြောင်တွေရဲ့အသေးစိတ်အချက်အလက်တွေကိုလည်း လေ့လာဖို့ ခဲရင်းနေရတာပဲ ဖြစ်ပါတယ်။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Seeker
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment