Powered by Blogger.

သမိုင်းတလျောက် အပူချိန်အများဆုံးနှစ်ဖြစ်ခဲ့တဲ့ ၂၀၁၆


 NOAA ( National Oceanic and Atmospheric Administration ) နဲ့ NASA ( National Aeronautics and
Space Administration ) တို့ရဲ့ သတ်မှတ်ချက်များအရ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာ ခေတ်သစ်သမိုင်းတလျောက် အပူချိန်အမြင့်မားဆုံး တစ်နှစ်တာဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

 ၂၀၁၆ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အပူချိန်ဟာ ၂၀၁၅ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အပူချိန်ထက် ၀.၀၇ ဒီဂရီခန့် တိုးမြင့်သွားခဲ့ပြီး ၅၈.၆၉ ဒီဂရီဖာရင်ဟိုက်အထိကို စံချိန်တင်အောင် အပူချိန်လွန်ကဲခဲ့တယ်လို့ NOAA နဲ့ NASA တို့က ဒီတစ်ပတ်ထဲမှာ ကြေညာသွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ဟာ အပူချိန်မြင့်မားလွန်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တာကြောင့် နှစ်ဆယ့်တစ်ရာစုအတွင်း အပူချိန်မြင့်မားမှုဖြစ်စဉ်ဟာ သုံးနှစ်ဆက်တိုက် ဖြစ်ပွားသွားခဲ့ရပါတယ်။

 သိပ္ပံပညာရှင်တွေဟာ ၁၈၈၀ ခုနှစ်လောက်ကစတင်ပြီး ကမ္ဘာ့အပူချိန်ပြောင်းလဲမှုကို စတင်ခြေရာခံခဲ့ရာ ၂၀၀၅ ၊ ၂၀၁၀ ၊ ၂၀၁၄ ၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တို့က နှစ်ဆယ့်တစ်ရာစုရဲ့ စံချိန်တင်ပူပြင်းလွန်းတဲ့နှစ်တွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ဟာ အမေရိကန်နိုင်ငံအတွက် သမိုင်းတလျောက် ဒုတိယအပူဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကမ္ဘာပေါ်က တိုက်ကြီးခုနှစ်တိုက်လုံးမှာလည်း သာမာန်အပူချိန်ထက် ပိုမိုမြင့်မားတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

 ကမ္ဘာ့အပူချိန် ပြောင်းလဲမှုဖြစ်စဉ်များကို ကမ္ဘာ့လေထုနဲ့ရေထုကို တိုင်းတာခြင်းဖြင့် တွက်ချက်ခဲ့တာဖြစ်ပြီး ဒီလို အပူချိန်မြင့်မားမှုများကြောင့် ရေခဲတုံးကြီးများ အရည်ပျော်ကျခြင်း ၊ ရေခဲမြစ်များဖြစ်ပေါ်လာခြင်းတို့နဲ့ မကြာခင် ကြုံတွေ့လာရနိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားကြပါတယ်ခင်ဗျာ။



( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment