Powered by Blogger.

အရုပ်တွေကို ကလေးအဖြစ်ရုပ်ဖျက်ပြီး ပစ္စည်းတွေခိုးယူတတ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ဦး


 အသက် ၁၈နှစ်အရွှယ် အင်္ဂလန်နိုင်ငံသူ Curtiss-McGinty ဟာ အမွေးပွရုပ်ကို ကလေးငယ်အသွင် ပုံစံပြောင်းပြီး မြို့အတွင်းရှိ စတိုးဆိုင်များမှာ လှည့်လည်ခိုးယူမှု ပြုလုပ်လျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံလိုက်ရပြီဖြစ်ပါတယ်။

 Curtiss-McGinty ဟာ အမွေးပွခွေးရုပ်ရဲ့မျက်နှာမှာ ဘရာစီယာတစ်ခြမ်းကို ဖြတ်ကပ်ထားပြီး ထိုဘရာစီယာပေါ်မှာ ကလေးမျက်နှာပုံစံဖြစ်အောင် ရေးဆွဲခြယ်သထားပါတယ်။ Curtiss-McGinty က ဒီလို စိတ်ကူးကောင်းကောင်းနဲ့ ပြုလုပ်ထားတဲ့အရုပ်ကို ကလေးလက်တွန်းလှည်းထဲကထည့်ကာ မြို့အတွင်းရှိ စတိုးဆိုင်တစ်ခုစီကိုသွားရောက်ပြီး ပစ္စ္စည်းတွေ ခိုးယူနေတာဖြစ်ပါတယ်။

 ဒါပေမယ့် ကံမကောင်းချင်တော့ Curtiss-McGinty ဝင်ရောက်ခိုးယူနေတဲ့ B&M ဆိုင်ရဲ့ ဆိုင်ဝန်ထမ်းတစ်ဦးက ခိုးယူမှုကို  သတိထားမိသွားပြီး လက်တွန်းလှည်းကို စစ်ဆေးခဲ့ရာ အမွှေးဖယောင်းတိုင်များ ၊ သကြားလုံးများ ၊ လျှပ်စစ်သွားတိုက်တံတစ်ချောင်းနဲ့အတူ ကလေးပုံစံအတုပြုလုပ်ထားတဲ့ အမွေးပွရုပ်ကို တွေ့ရှိခဲ့ရပါတယ်။

  ရဲတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးစစ်ဆေးတဲ့အခါမှာတော့ Curtiss-McGinty ဟာ B&M ဆိုင်ကို ယခင်ကတည်းက အလစ်သုတ်နေခဲ့တာဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ Curtiss-McGinty ဟာ သူရဲ့ပြစ်မှုကြောင့် ဆိုင်ရှင်နဲ့ တရားရုံးကို နစ်နာကြေးပေးဆောင်ရတော့မှာဖြစ်ပြီး လူထုအဖွဲ့အစည်းများအတွက် တစ်နှစ်တာ အလုပ်လုပ်ဆောင်ပေးရတော့မှာဖြစ်ပါတယ်။ Curtiss-McGinty ကို ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ Curtiss-McGinty လို ကလေးအတုများကို အသုံးပြုပြီး ခိုးယူမှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment