Powered by Blogger.

အသက်နှစ်ဆယ်ကျော်အရွှယ်ရှိ လူတစ်ယောက်ကို အလွယ်တကူ မြိုချနိုင်ခဲ့တဲ့ စပါးအုံးမြွေကြီး


 ပိုက်ကွန်ပုံစံရှိတဲ့ စပါးအုံးမြွေတွေဟာ အရှေ့တောင်အာရှဒေသတဝိုက်မှာတော့ အကြီးမားဆုံးမြွေတွေဖြစ်ပါတယ်။ ဒီမြွေကြီးတွေဟာ ပေနှစ်ဆယ်လောက်အထိ ရှည်လျားတတ်ကြသလို ကိုယ်အလေးချိန်အားဖြင့်ဆိုလည်း ပေါင် ၁၆၀လောက်အထိရှိနိုင်ပါတယ်။ သူတို့တွေမှာ အခြားမြွေတွေလိုမျိုး ပြင်းထန်တဲ့အဆိပ်တွေ မပါဝင်ပေမယ့် သားကောင်ကို အသက်ရှုကြပ်သွားစေတဲ့အထိ ရစ်ပတ်ထားပြီး တစ်ကောင်လုံးကို အလွယ်တကူမျိုချနိုင်တဲ့ ကြောက်မက်ဖွယ်အစွမ်းသတ္တိတော့ ရှိလို့နေပါတယ်။

 ဒီလိုကျောချမ်းစရာကောင်းတဲ့ မြွေကြီးနဲ့မှ ထိပ်တိုက်ရင်ဆိုင်လိုက်ရတဲ့ အင်ဒိုနီးရှားသားတစ်ဦးရဲ့အဖြစ်ကတော့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းပါတယ်။ အသက် ၂၅နှစ်အရွှယ်ရှိတဲ့ အနောက်ဆူလာဝေဆီရွှာသားလေး Akbar Salubiro ဟာ ညနေခင်းတစ်ခုမှာ ဆီအုန်းစိုက်ခင်းထဲ အလုပ်သွားလုပ်ဖို့ နေအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ နေ့စဉ်လုပ်ကိုင်နေကျ အလုပ်တစ်ခုဖြစ်ပေမယ့် ဒီတစ်ခေါက် Akbar ရဲ့ အိမ်ပြန်ချိန်က ခါတိုင်းရက်တွေထက်ကို အချိန်များစွာ နောက်ကျလို့နေပါတယ်။ ဒါကြောင့် ရွာသူရွာသားများက Akbar အတွက် စိုးရိမ်စိတ်တွေဝင်လာပြီး ရွာရိုးကိုးပေါက် လိုက်လံရှာဖွေပါတော့တယ်။ အလင်းရောင်ကောင်းစွာမမြင်ရတဲ့ ညအချိန်ကြီးဖြစ်နေတာကြောင့် Akbar ကို ရှာဖွေရခြင်းက ထင်ထားတာထက် ပိုခဲယဉ်းလို့နေပါတယ်။

 ထိုအချိန်မှာ အမှတ်မထင်ပဲ အလုံးအထည်ကြီးမားလှတဲ့ စပါးအုံမြွေကြီးတစ်ကောင်ကို ရွာသားများ တွေ့ရှိသွားခဲ့ပါတယ်။ သူတို့လိုဒေသတွေမှာ ဒီလိုစပါးအုံးမြွေတွေက တွေ့မြင်နေကျမို့ သူတို့အတွက် မထူးဆန်းဘူးလို့ ထင်ရပေမယ့် စပါးအုံးမြွေရဲ့ ဝမ်းဗိုက်ကတော့ အတော်လေးထူးခြားနေတာကို သတိထားမိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သံသယဝင်နေသလို ဟုတ်မဟုတ်သိရအောင် စပါးအုံးမြွေကြီးရဲ့ဝမ်းဗိုက်ကို ၁၈လက်မခန့်ရှည်တဲ့ ဓါးတစ်ချောင်းနဲ့ခွဲကြည့်လိုက်ရာ သူတို့အတွက် ကြေကွဲဝမ်းနည်းဖွယ်မြင်ကွင်းနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။

 စပါးအုံးမြွေကြီးရဲ့ဝမ်းဗိုက်ထဲမှာ အသက်မရှိတော့တဲ့ Akbar ရဲ့ ခနာကိုယ်ကို Akbar ရဲ့ ဇနီးအပါအဝင် ရွာသားအားလုံး တွေ့ရှိလိုက်ရပါတယ်။ နေ့စဉ်စားရေးသောက်ရေးအတွက် အလုပ်ကိုဘယ်လောက်ပဲကြိုးစားလုပ်လုပ် အနီးတဝိုက်မှာရှိတတ်တဲ့ စပါးအုံးမြွေတွေရဲ့ အနရာယ်ကိုတော့ လုံးဝလျစ်လျုမရှထားသင့်ကြောင်းကို ရွာသားများအားလုံးအတွက် Akbar က သူ့အသက်ကို အဆုံးရှုံးခံပြီး သင်ခန်းစာပေးသွားခဲ့တာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment