Powered by Blogger.

မိသားစုကိုသတ်ဖို့ ဆင်ထားတဲ့ထောင်ချောက်နဲ့ ကိုယ်ကိုကိုယ်ပြန်သတ်မိလိုက်တဲ့ အင်ဂျင်နီယာတစ်ဦး


  ကိုယ်ပြုလိုက်တဲ့ ကောင်းမှုမကောင်းမှုကံတွေဟာ ကိုယ်ရဲ့အနောက်ကနေ အရိပ်သဖွယ်လိုက်နေတယ်ဆိုတာကို ဘယ်ဘာသာကိုးကွယ်လူဖြစ်ပါစေ လူသားတိုင်း သိနားလည်သင့်ပါတယ်။ ဒီအကြောင်းအရာနဲ့သက်ဆိုင်တဲ့ အဖြစ်အပျက်တစ်ခုကို သတိပြုဖွယ်ဖြစ်အောင် တင်ဆက်ပေးသွားချင်ပါတယ်။

 Louis Dethy ဆိုတဲ့ အရမ်းတော်တဲ့ အင်ဂျင်နီယာတစ်ဦးဟာ မိန်းမအပေါ်ကို သစ္စာဖောက်မိခဲ့လို့ မိန်းမရဲ့စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့အပြင် သူရဲ့ကလေး ၁၄ယောက်လုံးကိုပါ မိန်းမဖြစ်သူက အကုန်ခေါ်ဆောင်သွားခဲ့လို့ ဘဝကို အထီးကျန်ဆန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။ ပိုဆိုးတာတစ်ခုက Louis ရဲ့ မိခင်က သေတမ်းစာထဲမှာ သူပိုင်ဆိုင်တဲ့အိမ်ကြီးကို Louis ကို မပေးအပ်ခဲ့ပဲ Louis ရဲ့ သမီးတစ်ဦးဦးကသာ ဆက်ခံခွင့်ရှိတယ်လို့ ရေးသားထားခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီအချိန်မှာတော့ Louis ဟာ သူရဲ့ဘဝကို တော်တော်လေးနာကျည်းသွားခဲ့ပါတယ်။

 ဘာသာရေးတအားကိုင်းရှိုင်းသူဖြစ်တဲ့ Louis ဟာ သူရဲ့တစ်ကြိမ်တစ်ခါ သစ္စာဖောက်ခဲ့မှု အမှားကနေ နောက်ဆက်တွဲရလာခဲ့တဲ့ အကျိုးဆက်တွေကြောင့် တဖြည်းဖြည်းနဲ့ စိတ်ရိုင်းတွေဝင်လာခဲ့ပါတယ်။ အင်ဂျင်နီယာလုပ်ငန်းကနေ အနားလိုက်ပြီးတဲ့နောက်မှာတော့ Louis ဟာ သူရဲ့ယုတ်မာရက်စက်တဲ့ အကြံအစည်တစ်ခုကို စတင်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Louis ဟာ သူရဲ့နေအိမ်တစ်ခုလုံးကို အသက်ဆုံးရှုံးသွားစေနိုင်တဲ့ ထောင်ချောက်တွေများစွာကို လိုက်လံတပ်ဆင်ပြီး သူ့မိသားစုကို အိမ်အလည်ဖိတ်ကာ အသေသတ်ဖို့အတွက် ကြံစည်နေခဲ့တာပဲဖြစ်ပါတယ်။

 ဒါပေမယ့် ကံကြမာရဲ့ အလှည့်အပြောင်းတစ်ခုမှာတော့ Louis ကံဆိုးသွားခဲ့ရပါတယ်။ Louis ဟာ သူထောင်ထားတဲ့ ထောင်ချောက်တစ်ခုအပေါ် မေ့လျော့ပြီး ပြုမှုခဲ့လိုက်ရာ သေနတ်မောင်းဖြုတ်မိသလိုဖြစ်သွားပြီး သူရင်ဘတ်တည့်တည့်ကို သေနတ်ကျည်ဆံ မှန်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အခါမှာတော့ Louis ဟာ အသက်ဆုံးရှုံးလို့နေပြီဖြစ်ပါတယ်။ ဒါဟာ မကောင်းမှုကို ကျူးလွန်မယ့်သူ ကျူးလွန်ချင်သူတွေရဲ့ ဘဝနိဂုံးချုပ်ပဲဖြစ်ပါတယ်။ အားလုံးပဲ အသိတရားရပြီး အရာရာကို ဆင်ခြင်သုံးသပ်နိုင်ကြပါစေခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref:Elitereader.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment