Powered by Blogger.

မီးတောင်ပေါက်ကွဲမှုကနေ ထွက်ပေါ်လာခဲ့တဲ့ မီးနတ်သမီးရဲ့ပုံတော်


 ဓါတ်ပုံရိုက်ကူးသူများဟာ မီးတောင်နားမှာ ဓါတ်ပုံလိုက်လံရိုက်ကူးနေတုန်း မီးတောင်ပေါက်ကွဲမှုနဲ့ ကြုံဆုံလိုက်ရတာကြောင့် ကင်မရာများနဲ့ မလွတ်တမ်း မှတ်တမ်းတင်လိုက်ရင်း ဒေသခံတွေ ယုံကြည်ကြတဲ့ မီးတောင်ထဲက မီးနတ်ဘုရားရဲ့ပုံတော်ကို တွေ့မြင်သွားခဲ့ရပါတယ်။

 ဒီမီးတောင်ဟာ ဟာဝိုင်အီကျွန်းစုမှာ တည်ရှိတာဖြစ်ပြီး Pele ဆိုတဲ့ မီးနတ်သမီးရဲ့ အစောင့်အရှောက်အောက်မှာရှိတဲ့ မီးတောင်တစ်ခုဖြစ်တယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်အရ သိထားရပါတယ်။ Pele နတ်သမီးဟာ မီးနတ်ဘုရားတစ်ပါးဖြစ်သလို လေ ၊ မိုးကြိုးနဲ့ မီးတောင်တွေကိုပါ ပိုင်ဆိုင်တဲ့ နတ်ဘုရားဖြစ်ပြီး ဟာဝိုင်အီကျွန်းကို တည်ဆောက်ခဲ့တဲ့ နတ်သမီးတစ်ပါးလို့ ယုံကြည်ခံထားရတာဖြစ်ပါတယ်။ ဖြစ်ချင်တော့ ဒီမီးတောင်အနီးတဝိုက်မှာ လာရောက်ဓါတ်ပုံရိုက်ကူးနေကြတဲ့ ဓါတ်ပုံဆရာများက မီးတောင်ပေါက်ကွဲမှုကြားထဲကနေ ထွက်ပေါ်လာခဲ့တဲ့ Pele နတ်သမီးမျက်နှာပုံစံပေါ်နေတဲ့ မီးတောင်ပြာမှုန့်ပုံတွေကို မှတ်တမ်းတင်လာနိုင်ခဲ့ပါတယ်။

 ဓါတ်ပုံထဲမှာ မြင်တွေ့နေရတာ နှစ်ပေါင်းခြောက်သိန်းဝန်းကျင်လောက်ရှိတဲ့ Kilauea မီးတောင်မှ ထွက်ပေါ်လာခဲ့တဲ့ မီးတောင်ပြာငွေ့တွေ့ဖြစ်ပြီး အသေအချာလေး စိုက်ကြည့်လိုက်ရင်တော့ ဒေသခံတွေ ပြောပြထားသလို မီးတောင်အတွင်းမှာရှိနေတဲ့ Pele နတ်သမီးရဲ့ မျက်နှာပုံစံပေါ်နေတာကို သတိထားမိပါလိမ့်မယ်။ မျက်လုံး ၊ နှာခေါင်း ၊ ဆံပင်နဲ့ စူနေတဲ့ပုံစံဖြစ်နေတဲ့ နှုတ်ခမ်းတို့လို ပုံစံမျိုးတွေကို မြင်တွေ့နေရပြီး အားလုံးပေါင်းစပ် ကြည့်ရှုလိုက်ရင်တော့ Pele မီးနတ်သမီးရဲ့ပုံဆိုတာ ယုံချင်စရာကောင်းလှပါတယ်။ ဒေသခံတွေ အဆိုအရ ဒီမီးတောင်နားက ကျောက်ခဲတွေကို ခိုးယူသွားတာမျိုးတို့ မရိုမသေ မလေးမစားလုပ်တာမျိုးတို့ဆို Pele မီးနတ်ဘုရားက ထိုသူအပေါ်ကို မီးတောင်ချော်ရည်တွေ မိုးရွာချသလို ရွာကျလာအောင် ဖန်တီးတတ်တယ်လို့ သိရပါတယ်ခင်ဗျာ။

Vitamin


#knowledge.thithtoolwin.com


Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. ငလူး ဘယ်လိုကြည့်ကြည့် မီးတောင်ပေါက်ကွဲတာပဲတွေ့ပါတယ်ကွာ

    ReplyDelete