ဖုန်းခိုးပြီးမှ ရဲစခန်းထဲ မှားယွင်းစွာ ပြေးဝင်သွားမိသူ
မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ မကောင်းမှုလုပ်ရင် တစ်နေ့မဟုတ်တစ်နေ့တော့ မကောင်းတဲ့ဒဏ်ကို ပြန်လည်ခံစားရမယ်ဆိုတာ တရုတ်နိုင်ငံက ဖုန်းသူခိုးသမားတစ်ဦးကတော့ ကောင်းကောင်းကြီးကို နားလည်သွားလောက်ပြီဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံ Guangdong စီရင်စု Shenzhen ဒေသမှာဖြစ်ပွားသွားခဲ့တာဖြစ်ပြီး လုံခြုံရေးကင်မရာတွေကနေ ဖြစ်စဉ်အစအဆုံးကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ လုံခြုံရေးကင်မရာအတွင်း မြင်တွေ့ရတာကတော့ အမျိုးသားတစ်ဦးဟာ လူသွားစင်္ကြန်ကနေ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ဦးဆီကနေ ဖုန်းတစ်လုံးကို လုယူပြီးထွက်ပြေးသွားခဲ့တဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ ဖုန်းပိုင်ရှင် အမျိုးသမီးမှာလည်း ဖုန်းကိုပြန်လည် ရရှိဖို့အတွက် ဖုန်းသူခိုးရဲ့နောက်ကနေ မလွတ်တမ်း လိုက်လံဖမ်းခဲ့ပါတယ်။ ဖုန်းပိုင်ရှင်နဲ့ နီးနီးကပ်ကပ် အနေအထားရောက်နေရတဲ့ ဖုန်းသူခိုးဟာ အဖမ်းမခံရဖို့အတွက် နီးစပ်စွာ ကားပါကင်ဂိတ်တစ်ခုအတွင်း ဝင်ပြေးမိခဲ့ရာ သူရောက်ရှိသွားတဲ့နေရာက ရဲစခန်းကားပါကင်မှန်း လုံးဝသတိမထားမိလိုက်ပါဘူး။
ထိုအခါ ကားပါကင်ဝင်းထဲမှာရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်များက ဖုန်းသူခိုးကို ဝန်းရံဖမ်းဆီးလိုက်ကြပါတယ်။ ဖုန်းသူခိုးဟာ ဒီနေရာဒေသကို အရင်ကရောက်ရှိဖူးခဲ့ခြင်း မရှိတာကြောင့် ဖုန်းခိုးတာကနေ ထွက်ပြေးရင်းနဲ့ မှားယွင်းပြီး ရဲစခန်းထဲကို ဝင်ပြေးမိသွားတာဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ သူခိုးတစ်ယောက်ကို အပြင်ထွက်ဖမ်းစရာမလိုပဲ ဌာနရဲ့ကားပါကင်အတွင်းမှာ အလွယ်တကူပဲ ဖမ်းဆီးနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များအတွက်ရော ဖုန်းသူခိုးအတွက်ပါ အမှတ်တရလေး ဖြစ်သွားခဲ့ရပါတယ်ခင်ဗျာ။
VitamiN
#knowledge.thithtoolwin.com
Ref: Odd News
0 comments:
Post a Comment