Powered by Blogger.

ကမ္ဘာ့နေရာအနှံအပြားမှာ ပျော်ရွှင်စွာဆင်နွဲခဲ့ကြတဲ့ ခေါင်းအုံးရိုက်တိုက်ပွဲ


 အိမ်မှာအသုံးမပြုတော့တဲ့ ခေါင်းအုံးအဟောင်းများ သို့မဟုတ် ဈေးပေါပေါလေးသာပေးရတဲ့ ခေါင်းအုံးများကို အသုံးပြုပြီး တစ်ယောက်နဲ့တစ်ယောက် နာကျင်ခံစားမှုမရှိပဲ ရိုက်ပုတ်ဆော့ကစားနိုင်တဲ့ နိုင်ငံတကာခေါင်းအုံးရိုက်တိုက်ပွဲကို ပြီးခဲ့တဲ့ ဧပြီလတစ်ရက်နေ့က ကမ္ဘာ့နေရာအနှံအပြားမှာ ဆင်နွဲသွားခဲ့ကြပါတယ်။

 ပြီးခဲ့တဲ့ စနေနေ့တုန်းက ကမ္ဘာပေါ်မှာရှိတဲ့ မြို့ပေါင်းတစ်ရာခန့်မှာ နိုင်ငံတကာခေါင်းအုံရိုက်ပွဲကို လူအများစုက ပျော်ပျော်ပါးပါး ဆင်နွဲခဲ့ကြပါတယ်။ ခေါင်းအုံးရိုက်ပွဲတွေဟာ ခေါင်းအုံးတွေစတင်ထုတ်လုပ်ခဲ့ချိန်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး Flash Mob လို့ခေါ်တဲ့ လူတန်းစားတစ်ရပ်ကနေ ပေါ်ပေါက်လာခဲ့တာလို့ သိရပါတယ်။ ဒီပွဲမှာ ပါဝင်ကစားဖို့အတွက် တိုက်တာမှာနေသူများက အခြားအခန်းတွေမှာ နေထိုင်သူများကို စိမ်ခေါ်ပြီး ဆော့ကစားလို့ရသလို လမ်းမထက်မှာလည်း စုဝေးပြီးဆော့ကစားလို့ရပါတယ်။ ကမ္ဘာ့ပထမဦးဆုံး တရားဝင်ခေါင်းအုံးရိုက်ပွဲနေ့ကိုတော့ ၂၀၀၈ခုနှစ် မတ်လ ၂၈ရက်နေ့မှာ စတင်နိုင်ဖြစ်ခဲ့ပါတယ်။ အမေရိကန် ၊ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတို့မှာ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ခေါင်းအုံးရိုက်ပွဲများကတော့ အကြီးကျယ်အခမ်းနားဆုံးလို့ သတ်မှတ်နိုင်ပါတယ်။

 ခေါင်းအုံးရိုက်ပွဲကို ပါဝင်ဆင်နွဲကြသူများဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်လေးမှတောင် မရရှိပဲ ပျော်ရွှင်ကြည်နူးစရာများကို တပွေ့တပိုက်ကြီး ရရှိတတ်ပါတယ်။ ဒါ့အပြင် ပျော်စရာသာမကသေးပဲ သူငယ်ချင်းအသစ်များစွာကိုပါ ရရှိနိုင်ပါသေးတယ်။ ပါဝင်ဆင်နွဲသူများအနေနဲ့ သူတို့အားလုံးပျော်လို့ဝသွားပြီဆိုရင်လည်း သူတို့အသုံးပြုခဲ့တဲ့ ခေါင်းအုံးတွေမှာ ထွက်ရှိလာတဲ့ မှို့များကို တစ်ခုမကျန် စနစ်တကျကောက်ယူသိမ်းဆည်းပြီး ရှင်းလင်းတတ်ကြပါတယ်။ ဒါကြောင့် ခေါင်းအုံးရိုက်ပွဲကို တကယ်ကို ချစ်စရာကောင်းတဲ့ ကစားပွဲလေးတစ်ခုအဖြစ် လူတွေက အသိအမှတ်ပြုနေကြတာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

VitamiN




#knowledge.thithtoolwin.com


Ref: Odd News
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment