Powered by Blogger.

လေးပေရှည်တဲ့ မြွေကိုဖယ်ရှားဖို့ ကားထိုင်ခုံတွေဖြုတ်ပစ်ခဲ့ရ



စက်ဆရာတစ်ယောက်ဟာ ကားထဲမှာပုန်းအောင်းနေတဲ့ အရှည်လေးပေရှိတဲ့ မြွေတစ်ကောင်ကို အမျိုးသမီးတစ်ယောက်ရဲ့ ကားထဲကနေ ထုတ်ပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်မှာ စက်ဆရာဖြစ်သူ Tony ဟာ သူဒီလိုလုပ်နေတာကို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ထားခဲ့ပြီး လူမှုကွန်ယက်တွေမှာ မျှဝေခဲ့ပါတယ်။ ဒီလိုဖယ်ရှားဖို့အတွက် စက်ဆရာအနေနဲ့ ကားထဲက အစိတ်အပိုင်းအားလုံးကို ဖြုတ်ပစ်ခဲ့ရပါတယ်။

ဒီလိုဖြုတ်ပစ်ပြီးနောက် တိရစ္ဆာန်ထိန်းသိမ်းရေးမှူးတစ်ဦးက အထဲက မြွေကို ထုတ်ယူပေးခဲ့တာပါ။ အရင်ဆုံးဒီအတိုင်း ထုတ်ယူဖို့လုပ်ခဲ့ပေမယ့် ခုံတွေနဲ့ အဆင်မပြေလို့ Mechanic ဆရာကို ခေါ်ခဲ့ရတာပါ။

အဲ့ဒီနောက်မှာတော့ ၄ပေရှည်တဲ့မြွေကို ကားထိုင်ခုံအောက်ကနေ ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဖယ်ရှားပြီးနောက်မှာ မြွေဟာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ဖြစ်နေတာကိုလည်း တွေ့ခဲ့ကြပါတယ်။



Bruce

#knowledge.thithtoolwin.com

Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment