လယ်သမားတစ်ဦးဟာ ဝက်တစ်ကောင်နဲ့ ကြောက်မက်ဖွယ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လယ်သမားကြီးရဲ့ငယ်ပါနဲ့ လက်ချောင်းသုံးချောင်းကို ကိုက်ဖြတ်ခံခဲ့ရကာ အသက်ပါဆုံးရှုံးသွားခဲ့ရတယ်လို့ သတင်းရရှိထားပါတယ်။
အသက်ခြောက်ဆယ်အရွှယ်ရှိ လယ်သမားကြီး Miguel Anaya Pablo ဟာ မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်း Oaxaca နယ်က သူရဲ့နေအိမ်ကို အရက်မူးပြီး ပြန်ရောက်လာစဉ်က တိုက်ခိုက်မှုစတင်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်း သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ အရက်မူးနေတဲ့ လယ်သမားကြီးက ဝက်ကိုအနှောင့်အယှက်ပြုကာ ရန်စခဲ့တာဖြစ်ပြီး ဝက်မှာလည်း သူ့ကို စိတ်အနှောင့်အယှက် ပြုလာခဲ့တာကြောင့် လယ်သမားကြီးပေါ်ကို တိုက်ခိုက်မူတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ရုတ်တရက် လယ်သမားကြီးကိုယ်ပေါ်ကို ခုန်လိုက်စဉ်မှာ အရက်အရှိန်ကြောင့် လယ်သမားကြီးလည်း ပစ်လဲကျသွားရပြီး ဒီအချိန်မှာ ဝက်ကြီးက လယ်သမားကြီးရဲ့ လက်ချောင်းသုံးချောင်းနဲ့ ငယ်ပါတို့ကို အားပါးတရ ကိုက်ဖြတ်ခဲ့လိုက်ပါတယ်။
ဒဏ်ရာအကြီးအကျယ် ရရှိသွားခဲ့တဲ့ လယ်သမားကြီးကို အိမ်သူအိမ်သားများက နီးစပ်ရာ ဆေးရုံတစ်ခုကို တင်ဆောင်သွားခဲ့ပေမယ့် ဝက်ကိုက်ထားခံရတဲ့ နေရာတွေမှာ ဘက်တီးရီးယားပိုး ကူးစက်မှုတွေ များပြားနေတာကြောင့် နောက်ဆုံးမှာ ဆရာဝန်တွေလည်း ဘယ်လိုမှ မတတ်နိုင်တော့ပဲ လက်လျှော့လိုက်ရတာကြောင့် လယ်သမားကြီးများမှာ ဝက်ကိုက်တဲ့ဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့ရပါတယ်။
သေဆုံးသူ လယ်သမားကြီးရဲ့ မိသားစုကတော့ လယ်သမားကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့ မရှိခဲ့ပါဘူးခင်ဗျာ။
#knowledge.thithtoolwin.com
Ref: Metro
0 comments:
Post a Comment