Powered by Blogger.

ကယ်လီးဖိုးနီးယားရှိ စာဖိုးမှူးများက ကမ္ဘာ့အရှည်လျားဆုံး ပီဇာကြီးကို ဖန်တီးပြုလုပ်နိုင်ခဲ့




  အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖွန်တားနားဒေသမှ စာဖိုမှူးများစွာ လာရောက်စုဝေးခဲ့ကြပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တစ်ရပ် တင်နိုင်စေမယ့် ကမ္ဘာ့အရှည်လျားဆုံး ပီဇာကြီးတစ်ခုကို စုပေါင်းပြုလုပ်ဖန်တီးသွားခဲ့ပါတယ်။

 အရှည်ပေပေါင်း ၆၃၃၀လောက် ရှည်လျားလှတဲ့ ပီဇာကြီးကို ပြုလုပ်ဖို့အတွက် ကုမ္မဏီပေါင်း ၂၃ခုမှ လုပ်အားပေးပေါင်း လူဦးရေနှစ်ရာကျော်အထိ တတ်ရောက်လာခဲ့ကြပါတယ်။ " ဒီလို ထူးခြားအံသြစရာကောင်းတဲ့ ပီဇာကြီးကို ဖန်တီးတဲ့အခါမှာ ကိုယ်ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်လိုက်ရတယ်ဆိုတဲ့အသိက တော်တော်ကို စိတ်ကျေနပ်စေပါတယ်။ နောက်ပြီး ကမ္ဘာ့အရှည်လျားဆုံးပီဇာဆိုတဲ့ ဂုဏ်ပုဒ်ကို အမေရိကန်နိုင်ငံအတွက် ရယူပေးနိုင်ခဲ့တာလည်း ဂုဏ်ယူမိပါတယ် " လို့ လုပ်အားပေးခေါင်းဆောင်တစ်ဦးဖြစ်သူ Jason Dees က ရှင်းပြသွားပါတယ်။

ဧရာမပီဇာကြီး ပြုလုပ်တဲ့ပွဲကို ပြီးခဲ့တဲ့ စနေနေ့က ဖွန်တားနားမြို့ရှိ Auto Club ဆိုင်ကယ်မောင်းပြိုင်ပွဲဝင်းအတွင်းမှာ ကျင်းပသွားခဲ့တာဖြစ်ပြီး ပွဲကြည့်ပရိသတ်ပေါင်း နှစ်ထောင်ကျော်က လာရောက်အားပေးသွားခဲ့ကြပါတယ်။

 ဂင်းနစ်ကမ္ဘာ့စံချိန်သစ်ကို တင်ရှိနိုင်ဖို့အတွက်ဆိုရင် သူတို့ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ပီဇာရဲ့အနံဟာ လက်မနှစ်ဆယ်ခန့် ရှိရမှာဖြစ်သလို ပီဇာပေါ်မှာလဲ ဒိန်ခဲနဲ့ ဆော့တွေပါဝင်နေရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပီဇာရဲ့အစိတ်အပိုင်းတွေဟာ လုံးဝလွှင့်ပစ်ရခြင်း မရှိရမှာဖြစ်သလို ပီဇာကြီးတစ်ခုလုံးကို အခန်းအပူချိန်အတွင်း လေးနာရီခန့်လောက် အထားနိုင်ခံဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် လုပ်အားပေးအဖွဲ့သားများဟာ ပီဇာကြီးကို ဖန်တီးရာမှာ အသေးစိတ်က သတိထားလုပ်ကိုင်ခဲ့ရသလို အလေးချိန် ပေါင်ရှစ်ထောင်လောက်ရှိတဲ့ ဂျုံမုန့်ညက်တွေ ပေါင်ငါးထောင့်ခြောက်ရာလောက်ရှိတဲ့ဆော့တွေနဲ့ ပေါင်သုံးထောင့်ခြောက်ရာလောက်ရှိတဲ့ ဒိန်ခဲတွေ ချက်ပြုတ်ဖို့အတွက် ငြမ်းစင်တစ်ခုကိုပါ ဆောက်လုပ်ခဲ့ရပါတယ်။ ယခင်က ကမ္ဘာ့စံချိန်တင်အောင် ရှည်လျားခဲ့တဲ့ ပီဇာကို ပြီးခဲ့တဲ့နှစ်က အီတလီနိုင်ငံသားတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ပေပေါင်း ၆၀၈၂ ပေအထိ ရှည်လျားပါတယ်။ အခုတော့ ကမ္ဘာ့အရှည်လျားဆုံးပီဇာဘွဲ့ကို အမေရိကန် ဖွန်တားနားက ပီဇာကြီးမှ လွဲပြောင်းရယူသွားခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။

  Vitamin

 #knowledge.thithtoolwin.com

 Ref:upi


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment