Powered by Blogger.

အဆက်ဟောင်းနေထိုင်ရာ တိုက်ခန်းကို ခိုးဝင်ခဲ့သူ အမျိုးသမီး အဖမ်းခံခဲ့ရ



 အချစ်ရေးမှာ လမ်းခွဲခြင်းဆိုတာက နှစ်ဦးနှစ်ဖက်လုံးအတွက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တချို့ကတော့ လမ်းခွဲပြီးရင် အခြားအရာတစ်ခုကို စိတ်ပြောင်းလဲသွားတတ်ပေမယ့် တချို့တွေကလည်း လမ်းခွဲခြင်းကို ဘယ်လိုမှ လက်မခံနိုင်ပဲ အရင်လိုဖြစ်ဖို့ကို ပြန်ကြိုးစားတတ်ပါတယ်။

 အခုလည်း စင်ကာပူနိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမကို အဆက်ဖြတ်သွားခဲ့တဲ့ ချစ်သူဟောင်းကို ဘယ်လိုမှ လက်လွတ်မခံနိုင်ပဲ အရမ်းအန္တရာယ်များတဲ့ ကိစ္စတစ်ခုကိုပါ ပြုမှုခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ သူရဲ့အဆက်ဟောင်း နေထိုင်ရာ တိုက်ခန်းပေါ်ကို ခဲရာခဲဆစ်နဲ့ ခိုးဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါကို တိုက်ခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကနေ စတင်သတိထားမိသွားခဲ့တာဖြစ်ပြီး ပြုတ်ကျမှာကို စိုးရိမ်တဲ့အတွက် လှမ်းသတိပေးခဲ့ပေမယ့် အမျိုးသမီးကတော့ ဂရုမစိုက်ပဲ သူ့အဆက်ဟောင်း တိုက်ခန်းကိုသာ ကုပ်တွယ်တတ်ခဲ့ပါတယ်။ ဒါပေမယ့် အခန်းအတွင်းကို ရောက်ရှိသွားချိန်မှာတော့ အဆက်ဟောင်းဖြစ်သူက သူ့အခန်းထဲက အမျိုးသမီးကို ထွက်ခွာသွားခဲ့ခိုင်းတယ်လို့ သိရပါတယ်။ အဆက်ဟောင်းအခန်းကနေ ထွက်ခွာလာရချိန်မှာတော့ ထိုအမျိုးသမီးကို ရဲဝန်ထမ်းများက သူတစ်ပါးပိုင်နက်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment