Powered by Blogger.

မီနီ စကတ် ၊ ဘောင်းဘီတို အပါအ၀င် အမျိုးသားတွေ ဘောင်းဘီ ဖင်လျှော ၀တ်ဆင်ခြင်းကိုပါ တားမြစ်ထားတဲ့ မြို့



အရင်တုန်းက အမျိုးသား တွေ ဘောင်းဘီ ဖင်လျှော ၀တ်ဆင်ခြင်းကို တားမြစ်ခဲ့တဲ့ မြို့တော်ဟာ အခုတော့ အမျိုးသမီးတွေ မီနီစကတ် နဲ့ အလွန်တိုတဲ့ ဘောင်းဘီတွေ ၀တ်ဆင်ခြင်းကို ထပ်မံ တားမြစ်လိုက်ပြန်ပါတယ်။

အမေရိကန် ပြည်ထောင်စု ၊ Alabama ပြည်နယ် Dadeville မြို့က ကောင်စီဝင် တစ်ဦးဖြစ်တဲ့ Stephanie Kelley က ပြောကြားခဲ့တာကတော့ သင်တင့် ဆီလျော်မှု မရှိတဲ့ ၀တ်စားဆင်ယင်မှု တွေကို အမျိုးသား ရော ၊ အမျိုးသမီး ပါ တားမြစ်သင့်တယ်လို့ ဆိုပါတယ်။ ထို Stephanie Kelley ဆိုသူ အမျိုးသမီးကိုယ်တိုင်ကလည်း ဘောင်းဘီတို ၀တ်ဆင်ရခြင်း ကို မနှစ်သက်ဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း Dadeville မြို့တော်ရဲ့ ကောင်စီဟာ ဘောင်းဘီတွေကို အောက်လျှောပြီး အောက်ခံ Boxer တစ်ဝက် ပေါ်အောင် ၀တ်ဆင်ခြင်း ကို တားမြစ်ခဲ့ပါသေးတယ်။

ကောင်စီဝင် တစ်ဦးဖြစ်တဲ့ Frank Goodman ကတော့ Alex City Outlook ဆိုတဲ့ သတင်းဌာနကို ပြောပြခဲ့တာကတော့ အခုလို တားမြစ်ခြင်းဟာ လေးစားမှု အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

"သင့်ကိုယ်သင်မှ မလေးစားရင် ဘယ်သူမှ သင့်ကို လေးစားမှာ မဟုတ်ပါဘူး။ဒီလိုတားမြစ်ရတာဟာလည်း လူတွေအနေနဲ့ လူထု အလယ်ကို ရောက်နေချိန်မှာ လေးစားခံထိုက်တယ်လို့ ထင်လို့ပါ။ အဲဒီလို ၀တ်စားဆင်ယင်မှုတွေဟာ မလေးစားရာ ရောက်ပါတယ်။ ဒါဟာ လူငယ်တွေကို မှားယွင်းတဲ့ ခံယူချက်တွေ ဖြစ်လာစေခဲ့ပါတယ်" လို့လည်း Frank Goodman ကထည့်သွင်းပြောကြားထားပါသေးတယ်။

Mocha

#knowledge.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment