ဒီဘက်ခေတ်လို နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးထဲမှာ အသားအရည်ကို နဂိုရှိရင်းစွဲထက် ပိုပြီးဖြူလာအောင် နည်းအမျိုးမျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ ဂျာမန်လူမျိုး မော်ဒယ်တစ်ဦးဟာ နဂိုကတည်းက ဖြူဆွတ်နေတဲ့ သူရဲ့အသားအရည်ကို ငွေပေါင်းများစွာ အကုန်ကျခံပြီး အသားမည်းအောင်ပါ ပြုပြင်ပြောင်းလဲခဲ့ပါတယ်။
ဂျာမန်လူမျိုးတစ်ဦးဖြစ်တဲ့ မော်ဒယ် Martina Big ဟာ သူမရဲ့ဖြူဖွေးနေတဲ့ အသားအရည်ကို အမည်းရောင်ဖြစ်လာစေဖို့အတွက် အမေရိကန်ဒေါ်လာပေါင်း ၆၇၀၀၀ခန့်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Martina ဟာ အသားမည်းစေဖို့ တစ်ခုတည်းအတွက်နဲ့ပဲ ငွေကြေးတွေကို သုံးစွဲခဲ့တာမဟုတ်ပဲ သူမရဲ့ရင်သားကို အဆမတန် ကြီးထွားဖို့အတွက်ကိုပါ သုံးစွဲခဲ့တာဖြစ်ပြီး အခုဆို Martina ရဲ့ ရင်သားဟာ US Size 70 လောက်ကို ရှိနေပြီဖြစ်ပါတယ်။
Martina ဟာ မော်ဒယ်စလုပ်ခင်က သူရဲ့အိုင်ဒေါဖြစ်တဲ့ မင်းသမီး Pamela Anderson ကို အားကျလို့ သူမလိုဖြစ်လာအောင် ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမ တကယ်နှစ်သက်ရတဲ့ အနက်ရောင် အသားအရည်မျိုးကို ရရှိလာအောင် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ Martina ရဲ့ မျိုးရိုးတွေထဲမှာ အသားမည်းသူတွေ ရှိနေသလိုပဲ Martina ရဲ့ ခင်ပွန်း Michael ဟာလည်း အသားမည်းသူတစ်ဦးဖြစ်လို့ အခုလို အမည်းရောင် အသားအရည်ဖြစ်လာအောင် ပြုပြင်ခဲ့တာဖြစ်ပါတယ်။
Martina ရဲ့ လက်ရှိပုံစံဟာ ယခင်ကထက် ဆိုးရွှားသွားခဲ့ပေမယ့် Martina ကတော့ အသားမည်းသွားမှသာ သူမအတွက် ပိုပြီးအဆင်ပြေသွားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။
Vitamin
#knowledge.thithtoolwin.com
Ref:
0 comments:
Post a Comment