Powered by Blogger.

မျက်နှာခွဲစိတ်ပြီး မှတ်ပုံတင်ထဲကပုံနဲ့ မတူတော့လို့ အိမ်ပြန်ဖို့ အခက်တွေ့နေရသူများ




 တောင်ကိုရီးယားနိုင်ငံဟာ အလှအပအတွက် ခန္ဓာကိုယ် အစိတ်အပိုင်းမှန်သမျှကို လိုသလို ခွဲစိတ်ပြုပြင်လို့ရနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံသားများကိုယ်တိုင် ပလစ်စတစ်ဆာဂျရီကို ရူးသွပ်ကြတာမဟုတ်ပဲ တခြားနိုင်ငံအရပ်ရပ်ကနေပါ ကိုရီးယားနိုင်ငံအထိ ခွဲစိတ်ပြုပြင်မှုတွေ လာရောက်လုပ်ကြတာဟာလည်း တစစနဲ့ တော်တော်လေးကို တိုးပွားလာခဲ့ပါပြီ။

 အခုလည်း တရုတ်နိုင်ငံသူသုံးဦးဟာ သူတို့ရဲ့ရွှေရောင်ရက်သတ္တပတ်လို့ တင်စားခေါ်ဆိုထားတဲ့ တရုတ်အားလပ်ရက်အတွင်းမှာ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်ပြီး အလှအပအတွက် ခွဲစိတ်ကုသမှုတွေ ခံယူပါတယ်။ ခွဲစိတ်မှုတွေအားလုံး အဆင်ပြေခဲ့ပေမယ့် ပြည်တော်ပြန်မယ့် အချိန်မှာတော့ သူတို့သုံးယောက်လုံးအတွက် ပြသာနာတတ်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ မျက်နှာခွဲစိတ်ကုသမှုကြောင့် သူတိုရဲ့လက်ရှိ မျက်နှာအသွင်အပြင်တွေဟာ သူတို့တွေ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်တွေထဲက ပုံတွေနဲ့ လုံးဝကို ကွဲပြားနေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် လေဆိပ်က တာဝန်ရှိသူများက သူတို့ကို လေယာဉ်လက်မှတ် ရောင်းချခွင့်ပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။ အမျိုးသမီးသုံးဦးဟာလည်း ကုသမှုကနေ အပြည့်အဝ ပြန်လည်မကောင်းမွန်သေးတာကြောင့် သူတို့ရဲ့မျက်နှာတွေက ဖူးရောင်နေကြရသလို မျက်နှာကို ပတ်တီးများနဲ့ စည်းထားရပါသေးတယ်။ ဒီအရာတွေကပဲ သူတို့ကို မှတ်ပုံတင်တွေထဲက သူတို့ပုံနဲ့ ကွဲပြားစေခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ကို မှတ်ပုံတင်ထဲက လူတွေမှန်း အတည်ပြုနိုင်မယ့်အချိန်ထိ ကိုရီးယားနိုင်ငံက လေဆိပ်တစ်ခုမှာသာ သောင်တင်နေလျက် ရှိပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

 Ref: viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment