Powered by Blogger.

ပိုင်ဆိုင်တာတွေရောင်းချ အလုပ်ကထွက်ပြီး ကြောင်တစ်ကောင်နဲ့ ခရီးသွားခဲ့သူ




 ခရီးသွားခြင်းကို ဘယ်သူကများ မနှစ်သက်ကြပါသလဲ။ မနှစ်သက်သူ နည်းလောက်မယ် ထင်ပါတယ်။ လူတိုင်းက ခရီးတွေ သွားနေချင်ပေမယ့် အချိန်မပေးနိုင်တာ ပိုက်ဆံမတတ်နိုင်တာတို့ကြောင့် သွားချင်တဲ့ခရီးတိုင်း မသွားနိုင်ပဲ ဖြစ်နေရပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကတော့ ခရီးထွက်ဖို့အတွက် သူရဲ့အလုပ်ကနေ ထွက်ခွာခဲ့သလို ရှိသမျှပစ္စည်းတွေကိုပါ ရောင်းချပစ်လိုက်ပါတယ်။ ပိုပြီး ထူးခြားတာကတော့ သူရဲ့ခရီးမှာ ကြောင်တစ်ကောင်ကိုပါ အဖော်အဖြစ် ခေါ်ဆောင်သွားလို့ပါပဲ။

 သြစတြေးလျနိုင်ငံသားတစ်ဦးဖြစ်သူ Rich of Hobart ဟာ သူရဲ့နေအိမ်အပါအဝင် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ရောင်းချခဲ့ပြီး အလုပ်ကပါ ထွက်ခွာခဲ့ကာ Willow လို့အမည်ရတဲ့ ကြောင်မလေးတစ်ကောင်နဲ့ သြစတြေးလျအနှံကို ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ Rich နဲ့ Willow တို့ဟာ အပျော်ခရီးထွက်တဲ့ဗင်ကားကြီးနဲ့ တောင်သြစတြေးလျဒေသကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီကစပြီး ခရီးထွက်ခဲ့တာဖြစ်ပါတယ်။

Rich တို့နှစ်ဦးဟာ တောင်သြစတြေးလျရှိ ဒေသ ၆ခုနဲ့ နယ်မြေ ၂ခုတို့ကို သွားရောက်လည်ပတ်ဖြစ်ခဲ့ကြပါတယ်။ အမည်းရောင် ကြောင်မလေး Willow မှာလည်း သူရဲ့သခင် Rich နဲ့အတူ မိုင်ပေါင်းငါးသောင်းလောက်အထိကို ခရီးနှင်ခဲ့လိုက်ရပါတယ်။ ဒီလို ကြောင်တစ်ကောင်ကိုခေါ်ပြီး ခရီးသွားရခြင်းဟာ တော်ရုံနဲ့ မလွယ်ကူနိုင်ပေမယ့် Willow က ခရီးထွက်ရတာကို သဘောကျတဲ့ ကြောင်လေးဖြစ်တဲ့အပြင် လမ်းခရီးတလျောက်လုံး ကြေးများခြင်း လုံးဝမရှိခဲ့ပဲ သူ့အတွက် အကောင်းဆုံး ခရီးသွားဖော်သာဖြစ်တယ်လို့ Rich က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: vira4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment