Powered by Blogger.

ချစ်သူကောင်လေးကို ကွန်ဒုံးဘူးနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် အဖမ်းခံလိုက် ရတဲ့ အမျိုးသမီး


အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ချစ်သူကောင်လေးကို ကွန်ဒုံးဘူးနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် အဖမ်းခံလိုက် ရပါတယ်။ Dominique Claridge ဆို သူ အမျိုးသမီးနဲ့ သူမရဲ့ချစ်သူ William Hessian တို့ဟာ ကားတစ်စီးနဲ့ အတူ အိမ်ပြန်လာစဉ်မှာ ပဲ သူမရဲ့ ချစ်သူကောင်လေးက တစ်ခြားကောင်မလေး တစ်ယောက်ကို  စကားပြောခဲ့ဖူးတဲ့ ကိစ္စကြောင့် စကားများခဲ့ကြပါတယ်။
 ၂ ယောက်စလုံးဟာ အသက် ၁၉ နှစ် အရွယ် ရှိကြပြီး ထိုသို့စကားများတဲ့အခါမှာ William Hessian က ရဲတပ်ဖွဲ့ကို သူ့ရဲ့ ချစ်သူကောင်မလေးကသူ့ကို အကြိမ်ကြမ် ဂုဏ် သိက္ခာ ကျဆင်းစေတဲ့အတွက် တိုင်ကြားလိုက်ပါတယ်။ Dominique Claridge က ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ရာမှာ သူမဟာ William ကို လက်နဲ့ မရိုက်နှက်ခဲ့ဘူးလို့ငြင်းဆိုခဲ့ပေမယ့် ကွန်ဒုံး ထုပ်တွေနဲ့ အကြိမ်ကြိမ် ပစ်ပေါက်ခဲ့တာကိုတော့ ၀န်ခံခဲ့ပါတယ်။ ထို အဖြစ်အပျက်တွေဟာ ဖလော်ရီဒါပြည်နယ် ဘရာဒန်တန် မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က သူတို့ ၂ဦးလုံးကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။ 

Credit : http://www.mirror.co.uk/news/weird-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment