Powered by Blogger.

မနက်တိုင်း မနက်စာ အဖြစ် ဗော့ကာ အရက် ကို သာသောက်သုံးခဲ့တဲ့ ကလေး ၂ ယောက်ရဲ့ မိခင် အမျိုးသမီး

Vicky White with her children Jack and Mia
ကလေး ၂ ယောက်ရဲ့ မိခင် အမျိုးသမီးတစ်ဦးဟာ အရက်အလွန်အကျွံသောက် သုံးခဲ့ပြီး သူမရဲ့ ကလေးတွေကို ခရစ္စမတ် မှာ မိခင်မဲ့စွာ ဖြတ်သန်းစေခဲ့ပါတယ်။
 အသက် ၃၈ နှစ် အရွယ် ရှိပြီဖြစ်တဲ့ Vicky White ဆိုသူအမျိုးသမီး ဟာ အရက်စွဲနေခဲ့တာ ၂၅ နှစ် ရှိပြီဖြစ်ပြီး တစ်နေ့ကို ၀ိုင် ၅ ပုလင်း သောက်သုံးသလို မနက်တိုင်း မနက်စာ အဖြစ် ဗော့ကာ အရက် ကိုသာ သောက်သုံးတယ်လို့ သိရပါတယ်။
 သူမဟာ ၂၀၁၂ ခုနှစ်မှာ ကတည်းက သူမရဲ့ အသည်းဟာ ကုသလို့ မရနိုင်တော့သည်အထိ ပျက်စီးခဲ့ပြီး သေလုမျောပါး Coma ရောဂါလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ 
 လီဗာပူးမြို့မှာနေထိုင်တဲ့ Vicky ဟာ အရက်ဖြတ်မှဖြစ်မယ့်အခြေအနေမှာပဲ ဆက်လက်ပြီး အရက်သောက်သုံးခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ က ဆေးရုံ တက်ခဲ့ရပြီး အရက်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့၂ပတ်ခန့်ကပြန်လည် သောက်သုံးခဲ့တဲ့အတွက် အခုလို သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
 သူမမှာ အသက် ၁၇ နှစ် အရွယ် Jack ဆိုသူ သားတစ်ယောက်နဲ့ အသက် ၇ နှစ် အရွယ် Mia ဆိုသူ သမီးတစ်ယောက် ရှိပါတယ်။

Credit : http://www.mirror.co.uk/news/uk-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment