Powered by Blogger.

လူ့အခွင့်အရေးတွေနဲ့ အညီ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် အနေအထား မှာ လွတ်လပ်စွာ နေထိုင်ခွင့် ရခဲ့တဲ့ မျောက်ဝံ

အာဂျင်တီးနားနိုင်ငံ က Buenos Aires တိရိစ္ဆာန် ရုံမှာ နှစ် ၂၀ ကျော် နေခဲ့ရတဲ့ မျောက်ဝံ တစ်ကောင်ဟာ လူတွေရဲ့ တရားဝင် အခွင့်အရေးတစ်ရပ်ကို ရရှိခဲ့ပါတယ်။

ထိုမျောက်ဝံ ရဲ့ ရှေ့နေ ဟာ ထိုမျောက်ကို လူ့အခွင့်အရေးတွေနဲ့ အညီ လူသားမဟုတ်တဲ့ သက်ရှိတစ်ယောက် အဖြစ် လွတ်လပ်စွာ နေထိုင်ခွင့်ပြု လိုက်ပြီး ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် အနေအထား မှာ နေထိုင်ခွင့်ရခဲ့ပါတယ်။

 Sandra လို့ ခေါ်တဲ့ ထိုမျောက်ဝံ ကို လွတ်လပ်ခွင့်ပေးမှုဟာ နယးယော့ခ် မြို့တရားရုံးက တော်မီ လို့ ခေါ်တဲ့ ချင်ပန်ဇီ မျောက်တစ်ကောင်ကို ပိုင်ရှင်နဲ့ အတူနေထိုင်ခွင့်မပေးတဲ့ အဖြစ် အပျက် ဖြစ်ပေါ်ပြီး ရက်အနည်းငယ်အကြာမှာမှ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

 Sandra ဟာ ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံမှာသာ သူ့ဘ၀ရဲ့ သက်တမ်း အများစုကို ကုန်ဆုံးစေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပြည်တွင်း တိရိစ္ဆာန် အခွင့်အရေး အဖွဲ့တစ်ဖွဲ့ က သူ့ကို အခုလို အခွင့်အရေးမျိုး ရလာစေဖို့ ကူညီပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ Sandra ဟာ အသက် ၂၉ နှစ် အရွယ် ရှိနေပါပြီ။
Ref: Mirror.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment