Powered by Blogger.

အကောက်ခွန်ထရပ်ကားနဲ့ဆွဲခေါ်သွားခံရတဲ့ သူ့ရဲ့ ကားပေါ် ၈ နာရီကြာ ထိုင်နေခဲ့ပြီး ဆန္ဒ ထုတ်ဖော် ခဲ့သူ

Matthew Sanders ဆိုသူဟာ အကောက်ခွန် ထရပ်ကားနဲ့ဆွဲခေါ်သွားခံရတဲ့ သူ့ရဲ့ ကားပေါ်(၈) နာရီကြာ ထိုင်နေခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အသက် ၃၄ နှစ် အရွယ်ရှိတဲ့ ဗြိတိန်နိုင်ငံ မက်ကယ်လ်ဖီး မြို့မှာနေထိုင်တဲ့ Matthew Sanders ဟာ သူ့ရဲ့ ကားကို ဘာမင်ဂန်မြို့ ကမ်းခြေတစ်ခုမှာ ရပ်ထားပါတယ်။ သို့သော်လည်းသူရပ်နားပြီး မကြာခင်မှာပဲ သူ့ကို ကားရပ်နားခ အတွက် စတာလင်ပေါင် ၈၀ အခွန်ဆောင်ဖို့ ပြောကြား ခံခဲ့ရပါတယ်။
သူဟာ အခွန်ဆောင်ဖို့ ကြိုးစားနေစဉ်မှာပဲ အကောက်ခွန် ထရပ်ကားက သူ့ရဲ့ ကားကို ဆွဲခေါ်သွားတဲ့အတွက် သူဟာ သူ့ရဲ့ ကားပေါ် ပြန်လည် ခုန်တက်ခဲ့ပြီး ကားတံခါးများကို လော့ချကာ ကားပေါ်က ဆင်းဖို့ ငြင်းဆိုခဲ့ပါတယ်။ (၈) နာရီ အကြာမှာတော့ ထရပ်ကားက သူ့ရဲ့ ကားကို ပြန်လွှတ်ပေးခဲ့ပြီး Matthew Sanders ကတော့ အခွန်ဆောင်ဖို့ ကျန်ရှိနေပါသေးတယ်။
ဒါကြောင့် သူဟာ ဘာမင်ဂမ်မြို့ ကောင်စီကို သူ့ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် တရားစွဲဆို သွားမယ်လို့ သိရပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment