Powered by Blogger.

ချော့ကလက်ရှာရင်း ကလေးတွေကို တိုက်ခိုက်ခဲ့တဲ့မျောက်တစ်ကောင်ကို လျှပ်စစ် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ



ပြင်သစ်နိုင်ငံ က ရဲဝန်ထမ်းတွေက Marseille ပြည်နယ် ၊ Castellanne ဒေသက ပြည်သူတွေရဲ့ လူနေဒေသတွေမှာ မျောက်တစ်ကောင် ဆိုးသွမ်းသောင်းကျန်းနေကြောင်းတိုင်စာကို လက်ခံရရှိခဲ့ကြပါတယ်။
သတင်းဖော်ပြချက်တွေအရ ထိုမျောက် ယခုလို လွတ်မြောက်သောင်းကျန်းနေတာ ကြာပြီဖြစ်ကြောင်းနဲ့ ထိုမျောက်ဟာ ချော့ကလက်ရှိရာကို ရှာဖွေနေတာ ဖြစ်တယ် လို့လည်းသိရပါတယ်။
နောက်ဆုံးသတင်းအရတော့ ထိုမျောက်ဟာ မူလတန်းကျောင်းတစ်ကျောင်း ကို ရောက်ရှိ နေပြီး ကလေငယ်တွေကို လိုက်လံ ကုတ်ခြစ်နေတဲ့အတွက် ရဲဝန်ထမ်းတွေ ရောက်ရှိလာပြီး လျှပ်စစ် သေနတ်နဲ့ ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးရေးတွေရဲ့ ပြောကြားချက်အရတော့ ထိုမျောက်ဟာ တရားမ၀င် ဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်ပြီး ဒေသခံ ကလေးငယ်တွေက ချော့ကလက်
ကြိုက်လာအောင် ကျွေးမွေးခဲ့တာဖြစ်သလို ထို မျောက် ကို စိတ်ရိုင်းတွေ ၀င်လာအောင်လည်း ကလေးတစ်ချို့က ၀ိုင်းဝန်း ရန်စ ခဲ့တယ်လို့ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့က ထိုမျောက်ရဲ့ ပိုင်ရှင်ကို တရားမ၀င် တောရိုင်းတိရိစ္ဆာန် ပိုင်ဆိုင်မှု ဖြင့် အရေးယူရန် စုံစမ်းနေပြီး ထိုမျောက်ကိုတော့ တိရိစ္ဆာန်ရုံသို့ ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment