Powered by Blogger.

အနံ့ဆိုးများ ထွက်ပေါ်စေတဲ့အတွက် စာဖတ်သူ ၃ ယောက်ကိုဝင်ရောက်စာဖတ်ခွင့် ပိတ်ပင်လိုက်တဲ့ စာကြည့်တိုက်

Three people cannot enter the library of Birmingham because they are too smelly

ဥရောပမှာ အကြီးဆုံးစာကြည့်တိုက်တစ်ခုဖြစ်တဲ့  ဘာမင်ဂမ် စာကြည့်တိုက် မှ စာဖတ်သူ ၃ ယောက်ကို အနံ့ဆိုးများ ထွက်ပေါ်စေတဲ့အတွက် ၀င်ရောက်စာဖတ်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဘာမင်ဂမ်စာကြည့်တိုက် မှာ ရှိတဲ့ စာဖတ်သူတွေဟာ အနံ့ဆိုးများထွက်ပေါ်နေတဲ့အတွက် စတာလင်ပေါင် ၁၈၉ သန်းတန် အဆောက်အဦးကြီးထဲက စာအုပ်စင်တွေမှာ စာအုပ်ရှာဖွေမှုတွေကို ရပ်နားလိုက်ကြတယ်လို့သိရပါတယ်။ ဘာမင်ဂမ် စာကြည့်တိုက်ဟာ ၂၀၁၃ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက် ဖတ်ရှုသူ ၃ သန်းခန့်ရှိတယ်လို့လည်း စာကြည့်တိုက်ရဲ့ ဒါရိုက်တာ Brain Gambles ကဆိုပါတယ်။ ထို ဘာမင်ဂမ်စာကြည့်တိုက်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်မာလာလာ ကဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ထိုစာကြည့်တိုက် ဟာ ကမ္ဘာကျော် စာရေးဆရာ Shakespeare ရဲ့ စာအုပ်များကို ဒုတိယ မြောက် အများဆုံး ရရှိနိုင်တဲ့ စာကြည့်တိုက်လည်းဖြစ်ပါတယ်။

Credit: http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment