Powered by Blogger.

မြောက်ကိုရီးယားနိုင်ငံရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို စိုးရိမ်ပြီး online ကာကွယ်မှုတွေကို အရှိန်မြှင့်တင်ထားတဲ့ ဂျပန်နိုင်ငံ


ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေမှာ နောက်ထပ်ပစ်မှတ် တစ်ခု ဖြစ်လာမှာကို စိုးရိမ်ပြီး သူ့ရဲ့ online ကာကွယ်မှုတွေကို အရှိန်မြှင့်တင်ထားတယ်လို့ သိရပါတယ်။
 ဂျပန် အစိုးရဟာ ဖြစ်နိုင်ခြေရှိတဲ့ သံတမန်ရေးရာ အခြေအနေတွေကို တွက်ချက်ပြီး မြောက်ကိုရီးယား ရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ဂျပန်နိုင်ငံရဲ့ ကွန်ရက်တွေကို အဆင့် မြှင့်တင်ခဲ့ပြီး ဂျပန် အခြေစိုက် ကုမ္မဏီတွေကိုလည်း Sony Pictures ရဲ့ hack လုပ်ခံရမှုကို နမူနာယူပြီး ဆိုင်ဘာ လုံခြုံရေးတွေ တိုးမြှင့်ထားဖို့ တိုက်တွန်းထားတယ်လို့ Reuters သတင်းဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

 Sony Pictures ဟာ ဂျပန်အခြေစိုက် Sony ကုမ္မဏီရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Guardians of Peace လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ hack လုပ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး FBI ကတစ်လခန့်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့လက်ချက်ဖြစ်တယ်လို့ ပြောပေမယ့်လည်း
 မြောက်ကိုရီးယားကတော့ သူတို့ မဟုတ်ဘူးလို့ ငြင်းထားဆဲပါ။ ဂျပန်နိုင်ငံကတော့ အခုကစပြီး သူတို့နိုင်ငံရဲ့ core function များ energy grid များ နဲ့ အခြား အဓိက အသေးစိတ် တည်ဆောက်မှုများကို လည်း လုံခြုံရေး စနစ်တွေ တပ်ဆင်ထားပြီး အစိုးရဟာလည်း Sony ကုမ္မဏီ အကြီးအကဲတွေနဲ့ အဆက်အသွယ် မပြတ် ထားရှိထားတယ်လို့လည်း သိရပါတယ်။

Credit: http://www.cnet.com/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment