Powered by Blogger.

ဦးခေါင်းထဲမှာ ဓါးတစ်ချောင်း စိုက်ဝင်နေပါရက်နဲ့ ၂ နာရီကြာ မှ ဆေးရုံသို့ ရောက်ရှိခဲ့တဲ့ အမျိုးသား ၊ မသေဆုံးခဲ့


အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဦးခေါင်းထဲမှာ ဓါးတစ်ချောင်း စိုက်ဝင်နေပါရက်နဲ့ ၂ နာရီကြာ မှ ဆေးရုံသို့ ရောက်ရှိခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် Juacelo Nunes ဆိုသူ အမျိုးသားဟာ ပါတီတစ်ခုမှာခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၃၀ စင်တီမီတာ ရှည်လျားတဲ့ ဓါးတစ်ချောင်းနဲ့ သူ့ရဲ့ မေးရိုးမှတစ်ဆင့် ဘယ်ဘက်မျက်လုံးနားအထိ စိုက်ဝင်သွားခဲ့ပါတယ်။
 ဘရာဇီးလ်နိုင်ငံ ၊ Agua Branca မြို့ မှာနေထိုင်တဲ့ ဆိုင်ကယ်တက္ကစီ မောင်းနှင်သူ Nunes ဟာ သူ့ရဲ့ ရင်ဘတ် လည်ချောင်နဲ့ ပခုံးတို့ကို ၃ ကြိမ်တိတိ ဓါးနဲ့ အထိုးခံခဲ့ရတာဖြစ်ပါတယ်။
 သူဟာ ကံကောင်းစွာနဲ့ပဲ မသေဆုံးသေးပဲ Teresina မြို့ က မိုင် ၆၀ ကျော် ဝေးတဲ့ ဆေးရုံကို ကိုယ်တိုင် ဆိုင်ကယ်မောင်းနှင်ပြီး ရောက်ရှိလာခဲ့ပြီး ရောက်ရှိကာစ မှာ သူဘာကြောင့် ရောက်ရှိခဲ့သလဲဆိုတာကို သူကိုယ်တိုင်မမှတ်မိ ဖြစ်ခဲ့တယ် လို့လည်း သိရပါတယ်။ သူဟာ ထူးဆန်းစွာနဲ့ ပဲ ဆေးရုံမှာ ဒဏ်ရာ များကို ပျောက်ကင်းအောင်ကုသနိုင်ခဲ့ပြီး ပြန်လည် ကောင်းမွန်လာပြီဖြစ်တယ် လို့လည်းသိရပါတယ်။ 

Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment