Powered by Blogger.

ရွှေငါးကို ကြိုးတပ်ဆွဲလို့ရတဲ့ ငါးကန်ထဲထည့်ပြီး မြို့အနှံ့ခေါ်ဆောင်သွားခဲ့တဲ့ အမျိုးသား


Mike Warren-Madden ဆိုသူ အမျိုးသားဟာ သူမွေးထားတဲ့ ရွှေငါးကို အိမ်မွေး တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ သွားလေရာ ခေါ်သွားနိုင်ဖို့ အတွက် ကြိုးတပ်ဆွဲလို့ရတဲ့ ငါးကန်ထဲထည့်ပြီး မြို့အနှံ့ခေါ်ဆောင်သွားခဲ့ပါတယ်။
သတ္တုပြားထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ Mike ဟာ နာရီပေါင်း ထောင်နဲ့ချီ အချိန်ယူပြီး သူ့ရဲ့ ရွေ့လျားငါးကန်ကိုတည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။
Malcolm လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ရွှေငါးဟာ အသက် ၁၁ နှစ်ရှိနေပြီဖြစ်ပြီး ထိုရွှေငါးကို အပြင်လောက ကိုကြည့်စေချင်တဲ့ဆန္ဒကြောင့်ထိုကဲ့သို့ ရွေ့လျားငါးကန်ထဲထည့်ပြီး  ခေါ်ဆောင်သွားရခြင်းဖြစ်တယ်လို့လည်း Mike ကဆိုပါတယ်။Mike ဟာ လက်ရှိမှာ အသက် ၆၀ ရှိနေပြီဖြစ်ပြီး ဗြိတိန် ပိုင်နက် အတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်တဲ့ West Yorks မှာနေထိုင်ပါတယ်။ 

Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment